22 w - Translate

ကိုယ်ပိုင်လက္ခဏာတည်ဆောက်ရန် အရေးကြီးဆုံးဟု မန်ယူနည်းပြသစ် အာမိုရင် ပြော

ကိုယ်ပိုင်လက္ခဏာ တည်ဆောက်နိုင်ဖို့က အရေးကြီးဆုံးအချက်ဖြစ်ကြောင်း မန်ယူနည်းပြသစ် အာမိုရင်က ပြောသွားပါတယ်။

အသင်းနဲ့ ပထမဆုံးအင်တာဗျူးအစီအစဉ်မှာ နည်းပြအာမိုရင်က ပြောသွားတာပါ။ မန်ယူအသင်းသားတွေကို အကြောက်အလန့်မရှိဘဲ ရဲရဲတင်းတင်းကစားနိုင်ဖို့ လုပ်ဆောင်သွား မှာဖြစ်ပြီး အချိန်ကြာကောင်းကြာနိုင်ပေမဲ့ နိုင်ပွဲတွေရရှိအောင်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ နည်းပြ အာမိုရင်က ပြောပါတယ်။

အသင်းတသင်းမှာ အရေးကြီးဆုံးက ကိုယ်ပိုင်စရိုက်လက္ခဏာ တည်ဆောက်နိုင်ဖို့ဖြစ်ပြီး အသင်းနဲ့ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်ကတည်းက စတင်တည်ဆောက်သွားမယ်လို့ နည်းပြအာမိုရင်က ပြောသွားပါတယ်။
DVB
Photo-Reuters

image