7 d - Translate

ထရမ့်ခန့်မယ့် အစိုးရအဖွဲ့ဝင်တွေထဲ အငြင်းပွားစရာ အကောင်းဆုံး
နောက်တစ်ယောက်က RFK jr လို့ခေါ်တဲ့ ရောဘတ်အက်ဖ်ကနေဒီ ဂျူနီယာပဲ။
လုပ်ကြံခံ သမ္မတ JFK ရဲ့တူ ဖြစ်ပြီး အများလက်ခံသိမှတ်မှုနဲ့ ဆန့်ကျင်ပြီး
လျှို့ဝှက်ပူးပေါင်းကြံစည်မှု သီအိုရီတွေ ထုတ်ချင်တိုင်း ထုတ်တတ်လွန်းလို့
ဆိုရှယ်မီဒီယာတချို့က ban ခံရတဲ့သူ။
သူ့ရဲ့ အထင်ရှားဆုံး အငြင်းပွားစရာ သီအိုရီက ကာကွယ်ဆေးတွေကို မယုံဘူး ဆိုတာပဲ၊
အထူးသဖြင့် ကိုဗစ်ကာလမှာ ကိုဗစ်ကာကွယ်ဆေး ဆိုတာ ဆေးကုမ္ပဏီကြီးတွေနဲ့ ဘီလ်ဂိတ်ဖေါင်ဒေးရှင်းတို့လို ဉာဏ်ကြီးရှင်တွေပေါင်း လူတွေကို ဂုတ်သွေးစုတ်တာလို့ သီအိုရီထုတ်ခဲ့တယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်တွေ အာဖရိကန်တွေကိုတော့ အထိအရှနည်းစေပြီး
လူဖြူတွေကို အသေများအောင် ဇီဝနည်းနဲ့လုပ်လေသလားလို့ ထင်ယောင်ထင်မှားဖြစ်အောင်
လှုံ့ဆော်ဖူးလို့ ပြဿနာတွေတက်ခဲ့သူ။
ကိုဗစ်ကာလ သမ္မတထရမ့်နဲ့ မတည့်တဲ့ အစိုးရရဲ့ ကျန်းမာရေးအကြံပေး ဒေါက်တာ ဖေါ်ချီကို နာမည်နဲ့တကွတပ်ပြီး စိတ်ကူးသီအိုရီတွေနဲ့ စာအုပ်တောင်ရေး တိုက်ခိုက်ခဲ့တဲ့သူ။
၁၅ နှစ်သားကနေ ဘိန်းဖြူစွဲတာ ဆယ်စုနှစ်ချီကြာပြီးမှ ဆေးပြတ်၊ ဥပဒေကျောင်းထွက်၊ အစိုးရရှေ့နေလုပ်ဖူးသူ၊ ပတ်ဝန်းကျင်အရေး တက်ကြွသူ၊ ကာကွယ်ဆေးဆန့်ကျင်ရေးလှုပ်ရှားသူ ပူးပေါင်းကြံစည်မှုသီအိုရီထုတ်သူ..
ဒီလိုလူစားက အမေရိကန် ကျန်းမာရေးနဲ့ လူသားဝန်ဆောင်မှုဝန်ကြီးတဲ့။
ကဲ... ကိုကိုယန်းကီးတွေ ကျန်းမာအောင်သာနေကြ...။
သူ့လိုပဲ conspiracy theory ဆွဲကြည့်ရရင် သူ ကျန်းမာရေးဝန်ကြီး မဖြစ်ဖြစ်အောင် ဝက်ဝံကြီးနဲ့ နဂါးကြီး လျှို့ဝှက်ပူးပေါင်းကြံစည်လိုက်တာများလား?😁
Credit

image