မိုက်တိုင်စန် ဂျိတ်ပေါလ်ကို အမှတ်နဲ့ရှုံး

နိုဝင်ဘာ ၁၆

ယူကျူဘာကနေ လက်ဝှေ့သမား ဖြစ်လာတဲ့ အသက် ၂၇ အရွယ် ဂျိတ်ပေါလ်ဟာ ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း အသက် ၅၈ နှစ်အရွယ် မိုက်တိုင်စန် ကို အမှတ်နဲ့ အနိုင်ယူလိုက်ပါတယ်။

နှစ် ၂၀ နီးပါး အနားယူထားပြီးမှ လက်ဝှေ့ကြိုးဝိုင်းထဲကို တကျော့ပြန်လာတဲ့ မိုက်တိုက်စန် ဟာ ဒုတိယအချီအထိ အသားစီးရခဲ့ပေမဲ့ နောက်ပိုင်းအချီအားလုံးကိုတော့ ဂျိတ်ပေါလ် က ပဲ ဦးဆောင်သွား တာဖြစ်ပါတယ်။

မိုက်တိုက်စန်ထက် အသက်ထက်ဝက်နီးပါးကွာတဲ့ ဂျိတ်ပေါလ်ဟာ သက်လုံပိုင်းကို အားကိုးပြီး လက်သီးတွဲလုံးတွေနဲ့ ခပ်မြန်မြန်ထိုးသတ်ခဲ့ပေမဲ့ ဝါရင့်လက်ဝှေ့သမား မိုက်တိုက်စန်ကို ပွဲချိန်အတွင်း မှာ အလဲမထိုးနိုင်ခဲ့ပါဘူး။

အသက်အရွယ်ရလာတဲ့ မိုက်တိုက်စန်ကတော့ ဂျိတ်ပေါလ်ရဲ့လက်သီးတွဲတွေကို အတတ်နိုင်ဆုံး ခုခံကာကွယ်ခဲ့ပေမဲ့ နောက်ဆုံးမှာ အမှတ်နဲ့ အရှုံးပေးလိုက်ရတာဖြစ်ပါတယ်။

ဒိုင်တစ်ဦးက ပေါလ်ကို ၈၀ တိုင်ဆင် ၇၂ ပေးခဲ့ပြီး နောက်နှစ်ဦးကတော့ ပေါလ်ကို ၇၉ တိုင်ဆင် ၇၃ မှတ် ပေးခဲ့တာပဲဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အာလင်တန်မြို့မှာ ရှိတဲ့ AT&T ကစားကွင်းကြီးထဲမှာ (၂) မိနစ် (၈) ချီကစားခဲ့ကြတာဖြစ်ပါတယ်။

ပြိုင်ပွဲမထိုးသတ်ခင် ဝိတ်ချိန်တဲ့နေရာမှာ မိုက်တိုင်စန် က ဂျိတ်ပေါလ်မျက်နှာကို ရိုက်ခဲ့တာကြောင့် ပြိုင်ပွဲမစခင်ထဲက လက်ဝှေ့ပရိတ်သတ်တွေ အာရုံစိုက်မှုမြင့်တက်ခဲ့ပွဲလည်းဖြစ်ပါတယ်။

ယူကျူဘာ ဂျိတ်ပေါလ်ဟာ ငွေရောင်ဝမ်းဆက်ဝတ်ဆင်ပြီး အစိမ်းရောင် မော်တော်ကားကို လက်ဝှေ့ကြိုးဝိုင်းစင်ထဲအထိစီးပြီး ဝင်လာခဲ့တာဖြစ်ပါတယ်။

အသက်အငယ်ဆုံး ကမ္ဘာ့ဟဲဗီလ်းဝိတ် ချန်ပီယံဟောင်းကြီး မိုက်တိုင်စန် ကတော့ အမည်းရောင်အင်္ကျီနဲ့ ဘောင်းဘီတိုကိုဝတ်ဆင်ပြီး လမ်းလျှောက်ဝင်လာခဲ့တာဖြစ်ပါတယ်။

မိုက်တိုင်စန် ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ ၅၈ ပွဲထိုးထားပြီး ပွဲ ၅၀ နိုင် ၆ ပွဲရှုံးနဲ့ သရေ ၂ ပွဲကျထားသူဖြစ်ပြီး ဂျိတ်ပေါလ်ကို အခု အမှတ်နဲ့ရှုံးလိုက်တာကြောင့် ကစားသမားဘဝရဲ့ ၇ ပွဲမြောက်ရှုံးပွဲဖြစ်သွားပါတယ်။

ဂျိတ်ပေါလ်ကတော့ လက်ဝှေ့ပရော်ဖက်ရှင်နယ်ပွဲ (၁၁) ပွဲထိုးထားဖူးပြီး (၁၀) ပွဲနိုင် (၁) ပွဲ ရှုံးနိမ့်ထားတာ ကနေ အခု နိုင်ပွဲတစ်ပွဲ ထပ်တိုးခဲ့တာလည်းဖြစ်ပါတယ်

#centralnewsnaypyitaw

imageimage
+5