1 w - Translate

မြစ်ကြီးနားမြို့နှင့် ပြည်မြို့အနီးတို့ကို ဗဟိုပြု၍ အချိန် (၁) မိနစ်ခြားကာ အင်အား အနည်းငယ်ရှိ မြေငလျင်ငယ်များလှုပ်ခတ်ခဲ့

ယနေ့ နိုဝင်ဘာ (၁၆) ရက် ၊ နံနက်ပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့တို့၏ အနီးကို ဗဟိုပြု၍ အချိန် (၁) မိနစ်ခြားကာ အင်အား အနည်းငယ်ရှိ မြေငလျင်ငယ်များ လှုပ်ရှားသွားခဲ့ကြောင်း မြေငလျင်သတင်းများစင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ နံနက်မြန်မာစံတော်ချိန် (၇)နာရီ (၄၇)မိနစ်အချိန်က မြန်မာနိုင်ငံမြောက်ဖျားပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ အနောက်ဘက်၊ (၄၃) မိုင်ခန့်၊ မိုင်းကောင်းအနောက်တောင်ဘက် ဆမောမြို့ငယ်အနီး အင်းပေါင်းရွာ ကိုဗဟိုပြု၍ မြေအောက်အနက် (၆) မိုင်မှ မဂ္ဂနီကျု (၃.၆) အဆင့်ရှိ မြေငလျင်ငယ်တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး မြောက်ဘက်ပိုင်း၊ ပြည်မြို့မြောက်ဘက်၊ ဝက်ထီးကန် အနောက်မြောက် (၅) မိုင်ကျော်အကွာ မြေအောက်အနက် (၆) မိုင်ကျော်မှ နောက်ထပ် မဂ္ဂနီကျု (၃.၀) အဆင့်ရှိ မြေငလျင်ငယ်မှာ (၁) မိနစ်ခြားကာ ဆက်တိုက်လှုပ်ရှားသွားခဲ့ကြောင်း သိရသည်။

imageimage