အင်းလေးက NLD ဟိုတယ်ခရီးဝန်ကြီးရဲ့ ဟိုတယ် မီးလောင်ကျွမ်း
နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ ဟိုတယ်ခရီးဝန်ကြီး ဦးအုန်းမောင် မိသားစုပိုင်ဆိုင်တဲ့ Inle Princess Resort နိုဝင်ဘာ ၁၅ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
Inle Princess Resort ဟိုတယ်ထဲမှာ သစ်သားနဲ့ဆောက်ထားတဲ့ လုံးချင်းတည်းခိုဆောင် ၁၀ လုံး ထက်မနည်း မီးလောင်းကျွမ်းခဲ့ပြီး ဟိုတယ်တစ်ခုလုံးနီးပါးပျက်စီးသွားတယ်လို့လည်း မြေပြင် သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
နာမည်ကျော် တောင်ကြီးမီးပုံးပျံပွဲကနေလွှတ်တင်တဲ့ မီးပုံးတစ်လုံး ဟိုတယ်ထဲကို ပြုတ်ကျခဲ့ရာကနေ မီးစတင်လောင်ခဲ့တာလို့ ဒေသခံတွေက လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားကြပါတယ်။
ပုံစာ- Inle Princess Resort ဟိုတယ်မီးလောင်မှုမြင်ကွင်း
ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်အဖွဲ့ချုပ်
Credit - BBC
#သတင်းဟင်းလေးအိုးကြီး



