ဘူရားတီးရားပြည်နယ်ဥက္ကဋ္ဌနှင့် နစကဥက္ကဋ္ဌ ဘာတွေ ဆွေးနွေးလဲ
နိုဝင်ဘာ ၁၆
ရုရှားနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရာပြည်နယ်အစိုးရဥက္ကဋ္ဌ H.E Mr. Tsydenov Alekesei Sambuevich နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်က နေပြည်တော် မှာ တွေ့ဆုံ၍ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် စိုက်ပျိုးရေးလုပ်ငန်းများအတွက် သဘာဝမြေဩဇာများ ထုတ်လုပ်နိုင်ရေး စက်ရုံများ တည် ဆောက်နေမှု အခြေအနေများ၊ နေကြာ စိုက်ပျိုးမှုတိုးတက်စေရေး အခြေအနေများ၊ မြန်မာမှထွက်သည့် သစ်တော ထွက်ပစ္စည်းများဖြင့် သစ်ပါးလွှာနှင့် ပျော့ဖတ်များ ထုတ်လုပ်နိုင်သည့် အခြေအနေများ၊ ရာဘာစိုက်ပျိုး ထုတ်လုပ် မှုနှင့် ဝါ စိုက်ပျိုးမှုတိုးတက် ထုတ်လုပ်နိုင်ရေး၊ ကုန်ကြမ်းများကို ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ရေး အခြေအနေ များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် စက်မှုကုန်ထုတ်လုပ်ငန်းများတွင် နည်းပညာမြှင့်တင်မှုများ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေ များ၊ တွင်းထွက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်းများတွင် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ တိုက်ရိုက် လေကြောင်းပျံသန်းမှုများ တိုးချဲ့ဆောင်ရွက်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
#centralnewsnaypyitaw