အမြင့်ဆုံး variant ကိုမှ ဒေါ်လာ 12,000 USD ဝန်းကျင်ပဲ ကျသင့်မယ့် SUZUKI ကားသစ်
SUZUKI နဲ့ Maruti တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ fourth-generation Maruti Suzuki Dzire က အခုဆိုရင်တော့ ဈေးကွက်ထဲကို ရောက်ရှိလာပါပြီ။ အဆိုပါ all-new model lineup မှာတော့ LXi၊ VXi၊ ZXi၊ နဲ့ ZXi Plus ဆိုတဲ့ trims ၄ မျိုးဖြင့် ရရှိနိုင်မှာပါ။ ဈေးနှုန်းအားဖြင့် အနိမ့်ဆုံး base variant ကို ဒေါ်လာ 8000 USD ကျော် ကနေ အမြင့်ဆုံး fully-loaded variant ကိုမှ ဒေါ်လာ 12,000 USD ဝန်းကျင်ထဲနဲ့ အိန္ဒိယနိုင်ငံမှာ စတင်ရောင်းချပေးသွားတော့မှာ ဖြစ်ပါတယ်။
fourth-generation Maruti Suzuki Dzire ကားသစ်ကို Arctic White, Gallant Red, Alluring Blue, Splendid Silver, Magma Grey, Nutmeg Brown and Bluish Black လို့ နာမည်ပေးထားတဲ့ အရောင် ၇ မျိုး ရွေးချယ်နိုင်ဦးမှာပါ။ အရွယ်အစားအားဖြင့် 3,995 mm length, 1,735 mm width, 1,525 mm height နဲ့ wheelbase 2,450 mm ရှိပါတယ်။ ground clearance ကတော့ 163 mm နဲ့ boot space ကတော့ 382 liters အထိ ရှိတယ်လို့ဆိုပါတယ်။
The new 2024 Maruti Suzuki Dzire ရဲ့ အတွင်းခန်းမှာဆိုရင်လည်း black and beige ဆိုတဲ့ dual-tone interior theme ကိုမှ dashboard မှာ wooden ဆန်ဆန်အငွေ့အသက်ကိုလည်း ခံစားရစေမှာပါ။ ဒါ့အပြင် india မှာ electric sunroof ပါတဲ့ ပထမဦးဆုံး compact sedan တစ်စီးလည်း ဖြစ်ပါတယ်။ 9-inch touchscreen infotainment system နဲ့အတူ wireless Android Auto and Apple CarPlay, an analogue drive display, a wireless phone charger, cruise control, automatic AC with rear AC vents တို့လို Feature တွေကိုလည်း အသုံးပြုနိုင်ဦးမှာပါ။
Maruti Suzuki Dzire ရဲ့ variant အားလုံးမှာတော့ six airbags နဲ့အတူ ABS with EBD, hill hold assist, electronic stability control, ISOFIX child seat mounts, and rear parking sensors တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ rear parking camera, tire pressure monitoring system, a 360-degree camera, and cruise control တို့လို Function တွေကတော့ higher trims တွေမှာ ပါဝင်လာမှာပဲဖြစ်ပါတယ်။
အမြင့်ဆုံး variant ကိုမှ ဒေါ်လာ 12,000 ဝန်းကျင်ပဲ ကျသင့်မယ့် fourth-generation Maruti Suzuki Dzire ကို အိန္ဒိယနိုင်ငံမှာ ရောင်းချပေးနေပြီဖြစ်ပြီး မြန်မာနိုင်ငံမှာရော ဒီလိုမျိုး စျေးသက်သာတဲ့ SUZUKI ကားတွေ ဘယ်တော့များ ရောင်းချပေးမှာလဲဆိုတာကတော့ …