1 w - Translate

နေပြည်တော်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ဆီမီး(၁၀၀၀)ဖြင့်ထွန်းညှိပူဇော်

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ ယနေ့ နိုဝင်ဘာ ၁၅ ရက်ညပိုင်းက ဆီမီး(၁၀၀၀)ဖြင့်ထွန်းညှိပူဇော်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နစက ဥက္ကဋ္ဌနှင့်ဇနီး၊ နစက ဒု-ဥက္ကဋ္ဌနှင့်ဇနီး၊ တက်ရောက်လာကြသူများက စေတီတော်မြတ်ကြီးအား ဆီမီးများ၊ ရောင်စုံမီးအလှများဖြင့် ထွန်းညှိပူဇော်ကာ ပန်း၊ ရေချမ်းများကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်း၌လည်း တန်ဆောင်တိုင်မီးထွန်းပွဲတော်အထိမ်းအမှတ်အဖြစ် လမ်း၊ အဆောက်အဦများ၊ ပန်းအလှ သစ်ပင်များတွင် ရောင်စုံမီးအလှများဖြင့် မီးထွန်းပွဲတော်ကို ပျော်ပွဲရွှင်ပွဲများဖြင့်ကျင်းပလျက်ရှိကြောင်း သိရသည်။

ထို့အတူ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည် နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးတော်များတွင် ယနေ့ နိုဝင်ဘာ ၁၅ ရက်တွင်ကျရောက်သည့် တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)၌ လာရောက်ဖူးမြှော်ကြည်ညိုသူများနှင့်တန်ဆောင်တိုင်မီးထွန်းပွဲတော်များကျင်းပလျက်ရှိသည်။

တန်ဆောင်မုန်းလပြည့်နေ့နံနက်ပိုင်းအချိန်၌ ဘု ရား၊ပုထိုးစေတီများတွင် လာရောက်ဖူးမြှော်ကြည်ညိုသူများ၊ ဥပုသ်သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ ၌ ကထိန်လျာသင်္ကန်းကပ်လှူ၍ ကထိန်အလှူတော်မင်္ဂလာဆင်ယင်ခြင်း၊ ဒါနသီလဘာဝနာကုသိုလ်ယူဆည်းပူးပွားများခြင်းပြုလုပ်သူများဖြင့် စည်ကားခဲ့သည်။

ထို့ပြင် ညနေပိုင်းအချိန်နှင့်ညပိုင်းအချိန်တို့တွင်လည်း နိဗ္ဗာန်ဈေးပွဲတော်လှူဒါန်းကျွေးမွေးမှုများ၊ မဲဇလီဖူးသုပ်ဒါနပြုသူများ၊ ပံ့သကူအလှူပြုသူ များ၊ ပံ့သကူအလှူကောက်ကြသူများဖြင့် စည် ကားလျက်ရှိသည်။

image
image
image
image