အကြိမ် (၁၁၀) မြောက် ရွှေဘိုမြို့လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို (၁၁၀) ကြိမ်မြောက်အဖြစ် ယနေ့ နိုဝင်ဘာ (၁၅)ရက်၊ တန်ဆောင်မုန်းလပြည့်နေ့ နံနက်က အမှတ် (၆)ရပ်ကွက်ရှိ မဟာဘုံစံဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
(၁၁၀) ကြိမ်မြောက် ရွှေဘိုမြို့လုံးဆိုင်ရာ စုပေါင်းမဟာဘုံ ကထိန် ဆက်ကပ်လှူဒါန်းရာတွင် စေတနာ ရှင်အလှူရှင်များက အလှူငွေနှင့် လှူဖွယ်ပစ္စည်းတန်ဖိုး စုစုပေါင်း ကျပ်သိန်းသုံးရာခန့် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မဟာဘုံကထိန်အလှုတွင် တက်ရောက်လာသူများက နမော တဿ (၃)ကြိမ် ရွတ်ဆိုအခမ်းအနားကို ဖွင့်လှစ်ပြီး မဟာဘုံစံကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တစာရိ တ္တသာရထံမှ ငါးပါးသီလနှင့် သြဝါဒခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်သည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြပြီး စေတနာရှင်အလှူရှင်များက ဆရာတော်များအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ ဆရာတော် ဘဒ္ဒန္တစာရိတ္တသာရထံမှ ကထိန်အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးမြောက်အောင်မြင်ခဲ့ပြီး ရွှေမိုးငွေမိုး ရွာသွန်းဖြိုးကာ ပင့်သံဃာများအားနေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြော င်း သိရသည်။