9 w - Translate

မုံရွာမြို့ကန်သာယာတွင် တတိယအကြိမ် သံဃာအပါး‌ (၁၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှုပွဲကျင်းပ

တတိယအကြိမ် သံဃာအပါး‌(၁၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ နှင့် တန်ဆောင်တိုင် မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကို နိုဝင်ဘာလ (၁၅) ရက်၊ တန်ဆောင်မုန်း လပြည့်နေ့တွင် မုံရွာမြို့ ကန်သာယာ ရာပြည့်ကပ်ကျော် စေတီတွင်ကျင်းပခဲ့ခြင်းဖြစ်သည်။

"ကုသိုလ်ပြု လှုဒါန်းဖို့အခွင့်အရေးရရင် လှုဖြစ်နေပါတယ်။ဘယ်လိုအလှုပဲ ဖြစ်ပါစေ လှုဖြစ်နေပါတယ်။ အခုလိုအခါကြီး ရက်ကြီး တန်ဆောင်မုန်းလပြည့်နေ့မှာ လှုခွင့်ရလို့ကြည်နူးမိပါတယ်"ဟု မုံရွာမြို့ခံအလှုရှင်တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရကကြီးမှုးကျင်းပခြင်းဖြစ်ပြီး မုံရွာမြို့ ရာပြည့်ကပ်ကျော် စေတီတော်ကြီးတွင် တန်ဆောင်မုန်းလပြည့်နေ့ နံနက်အာရုံမတက်မီတွင် မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဘုရားအနေကဇာတင်လှူပူဇော်ပွဲ ၊ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲတို့ကို ကျင်းပခဲ့သည်။

ဆက်လက်၍ တတိယအကြိမ် သံဃာအပါး‌ (၁၀၀၀) ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ရာပြည့်ကပ်ကျော်စေတီတော် အရှေ့ဘက် ကန်သာယာတွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ တန်‌ဆောင်မုန်းလပြည့်နေ့ ညတွင်လည်း ပြည်ထောင်စုကျွန်း၌ မီးပုံးပျံလွှတ်ပွဲနှင့်အတူ စတုဒီသာကျွေးမွေး ဧည့်ခံခြင်းများ၊ တန်ဆောင်တိုင် လျှပ်စစ်မီးအလှများထွန်းညှိခြင်း ဖျော်ဖြေရေးအစီအစဥ်များ ကျင်းပသွားမည်ဖြစ်သည်။

image
image
image