မန္တလေးမှာ KTV မီးလောင်မှု ဖြစ်ပွား
နိုဝင်ဘာ ၁၅
မန္တလေးတိုင်း၊ မဟာအောင်မြေ မြိုနယ်၊ ရဲမွန်တောင်ရပ်ကွက်၊ (၅၂)လမ်း၊ သိပ္ပံလမ်းထောင့်မှာ ဖွင့်လှစ်ထားတဲ့ KTV မီးလောင်မှုဖြစ်ပွားခဲ့တယ်လို မီးသတ်တပ်ဖွဲဆီကနေ သိရပါတယ်။
မီးလောင်မှုဟာ နိုဝင်ဘာ (၁၅) ရက်၊ နံနက် အစောပိုင်း (၅)နာရီ ကျော်လောက်က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မဟာ အောင်မြေ မီးသတ်စခန်းက မီးသတ်တပ်ဖွဲဝင်သွားရောက် မီးငြိမ်းသတ်ခဲ့ကြပါတယ်။
မီးလောင်မှုကိုတော့ ၁၅ မိနစ်အကြာမှာတင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး တစ်စုံ တရာ ထိခိုက်မှု မရှိခဲ့ဘူးလို သိရပါတယ်။
မီးလောင်မှု ဖြစ်စဥ်နဲ့ ပျက်စီး ဆုံးရှုးတဲ့ စာရင်းကိုတော့ စစ်ဆေးဆောင်ရွက်နေဆဲ ဖြစ်တယ်လို သိရပါတယ်။
#centralnewsnaypyitaw
