27 w - Translate

Galaxy S24 Ultra ရဲ့ S Pen ကနေ ညှော်နံ့ထွက်နေတာကို စိတ်ပူစရာ မလိုဘူးလို့ Samsung ပြော
=======================================================

Samsung Galaxy S24 Ultra ပိုင်ရှင်တွေက S Pen ကနေ ပလတ်စတစ် မီးလောင်တဲ့ အနံ့တွေ ထွက်နေတယ်လို့ ပြောနေကြပါတယ်။ Reddit မှာ LatifYil အမည်ရ User က အဲဒီ ပြဿနာကို ပို့စ်တင်ပြီးနောက်မှာ တခြား User တွေကလည်း သူတို့မှာလည်း ဖြစ်နေတယ်လို့ ပြောကြပါတယ်။ တချို့က ဒါဟာ S Pen ရဲ့ ဓာတုဗေဒ Coating ကြောင့်လို့ ပြောပြီး တချို့က ညှော်နံ့ဟာ တော်တော် ဆိုးတယ်လို့ ပြောပါတယ်။

အခုတော့ Samsung ရဲ့ ဥရောပ ဖိုရမ် တစ်ခုမှာ Moderator က အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်းထားပါတယ်။ သူက “ ဖုန်း အတွင်းပိုင်း အစိတ်အပိုင်းတွေနဲ့ S Pen ဟာ နီးကပ်တာကြောင့် ဖုန်းထဲမှာ သိမ်းထားတဲ့အခါမှာ အပူလွန်ကဲပါတယ်။ နေပူထဲမှာ ရပ်ထားတဲ့ ကားကနေ ပလတ်စတစ် အနံ့ ထွက်သလိုမျိုးဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

9to5Google က အရင်မျိုးဆက် Galaxy S23 Ultra နဲ့ S22 Ultra မှာလည်း ဒီလို ပြဿနာမျိုး ဖြစ်ခဲ့ဖူးတယ်လို့ ပြောပါတယ်။ Galaxy S24 Ultra ဟာ တန်ဖိုးကြီး စွမ်းရည်မြင့် စမတ်ဖုန်း ဖြစ်ပေမယ့် ဒီလို ညှော်နံ့ထွက်နေတဲ့ သတင်းတွေ ထွက်လာတာက User တွေအတွက် စိတ်ပျက်စရာ ဖြစ်ပါတယ်။

Ref : gizmochina

image