9 w - Translate

တိုက်ဖွန်းအူဆာဂီနီးလာ၍ထိုင်ဝမ်၌ သတိပေးချက်ထုတ်ပြန်ထားရ

တိုင်ပေ၊နိုဝင်ဘာ ၁၄

ထိုင်ဝမ်သို့ တိုက်ဖွန်းအူဆာဂီနီးကပ်လာသဖြင့် ထိုင်ဝမ်မိုး‌လေဝသဌာနက မူလကထုတ်ပြန်ထားသည့် ပင်လယ်ရေပြင်သတိပေးချက်အပြင် ယခုအခါ ကုန်းတွင်းပိုင်းမြေပြင်အတွက်ပါ ထပ်တိုးသတိပေးချက်ထုတ်ပြန်လိုက်ကြောင်းသိရသည်။

ကြာသပတေးနေ့၊ညနေ ၆ နာရီတွင် တိုက်ဖွန်းမုန်တိုင်း၏ဗဟိုသည် ကျွန်း၏တောင်ဘက်စွန်းအရှေ့တောင်ဘက် ကီလိုမီတာ ၄၀၀ ခန့်အကွာတွင် တည်ရှိနေရာမှ အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ၁၁ ကီလိုမီတာမှ ၁၈ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားလာခဲ့ကြောင်းပြောကြားခဲ့သည်။မုန်တိုင်းဗဟိုချက်အနီးတွင် အမြန်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၅၅ ကီလိုမီတာဖြစ်သည်ဟုလည်းဆိုသည်။

မိုးလေဝသဌာန အ‌နေဖြင့် အူဆာဂီ၏ ခန့်မှန်းမရသောလမ်းကြောင်းကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး ပြည်သူများသည်လည်း တိုက်ဖွန်းမုန်တိုင်း၏ ရွေ့လျားမှုဆိုင်ရာနောက်ဆုံးသတင်းများကို သတိထားစောင့်ကြည့်နေထိုင်ရန်ကိုပါအကြံပြုထားသည်။

လတ်တလောအ‌ခြေအနေအရ ထိုင်ဝမ်တစ်ဝန်း ကူးတို့ဝန်ဆောင်မှုနှင့် လေယာဉ်ခရီးစဉ်အများအပြားကို ရပ်ဆိုင်း၊ဖျက်သိမ်းခဲ့ရပြီး တောင်ထူထပ်သောအလီရှန် ဒေသရှိ မီးရထားဝန်ဆောင်မှုများကိုလည်း သောကြာနှင့်စနေနေ့များတွင် ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်းသိရသည်။

image