27 w - Translate

#ရေခဲချောင်းလုပ်နည်း(ကောင်ညှင်းငချိတ်ရေခဲချောင်း)
ကောင်ညှင်းငချိတ်ရေခဲချောင်းလုပ်နည်းလေးမေးထားလို့ တင်ပေးလိုက်ပါပြီနော်
လိုအပ်တာတွေကတော့...
ကောင်ညင်း ငချိတ်ဆန် ၁လုံး
ရေ ၂လီတာခွဲ
သကြား 54g
ဆား14g
ပြောင်းကော်မှုန့် 66g
ကောင်ညှင်းအနံဆီ ၁စက် (အနံပြင်းတာမကြိုက်ရင် ပါရုံလေးပဲ ထည့်ပါ)
(ရေခဲထိန်းဆေး၊ရေခဲမွဆေး 3gစီ) ဒီ၂မျိုးက မထည့်ချင်လည်း ရပါတယ်၊ထည့်ရင်တော့ ရေခဲသားပိုနူးညံပြီး အခဲပိုခံပြီး ပိုစားကောင်းပါတယ်)

၁။💥အရင်ဆုံး ကောင်ညှင်းငချိတ်ဆန် ၁လုံးကို နူးပြဲအောင် ပြုတ်ထားပါ
၂။💥ရေလီတာဝက်လောက်ထဲကို သကြား၊ဆား၊ရေခဲထိန်းဆေး၊ရေခဲမွဆေး၊ပြောင်းကော်မှုန့်တို့ကို အပေါ်က အချိုးအတိုင်း ထည့်ပြီး အားလုံးပျော်ဝင်ပြီး သမနေအောင် မွှေထားပါ (လေဘူဘောင်းထတာတွေ အခဲအဖတ်တွေ မကျန်အောင်သေချာမွှေပေးပါ)
၃။💥ရေ၂လီတာကို ရေနွေးတည်ပါ ပွက်ပွက်ဆူလာရင် ရောမွှေထားတာတွေနဲ့ လောင်းထည့်ပြီး ပြန်ပြီးပွက်ပွက်ဆူလာတဲ့အထိ မပျက်မွှေပြီး ကျိုပေးပါ(အိုးမကပ်အောင်ပါ) ပွက်ပွက်ဆူလာရင် အိုးချပြီး အအေးခံထားပါ အေးသွားရင်ကောင်ညှင်းအနံ တစ်စက်ကို ထည့်မွှေပါမယ် ပြီးရင် ပြုတ်ထားတဲ့ ကောင်ညှင်းငချိတ်တွေကို ထည့်မွှေပါ အားလုံးသမသွားရင် ရေခဲချာင်း မိုရ်ခွက်ထဲ ထည့်ပြီး အအေခံလိုက်ရင် ရပါပြီ။
#cooking

image