လူငါးဦးအထိသေဆုံးခဲ့တဲ့ အိုင်ဖုန်း အလုံး ၂၀ လုယက်မှု

နိုဝင်ဘာ ၁၅

ဖုန်းဆိုင်တစ်ခုကို သေနတ် ပစ်ခတ်လုယက်ခဲ့တဲ့ဖြစ်စဉ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှာြဖစ်ပွားခဲ့ပြီး ဆိုင်ဝန်ထမ်းတစ်ဦးသေဆုံးကာ လုယက်သူ ၄ ဦးကိုလည်း အသေပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ တာချီလိတ်မြို့မရဲစခန်းက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၃ ရက်က First Rate Mobile ကို ဝင်ရောက်လုယက်မှုအတွင်း ဖုန်းဆိုင်ဝန်ထမ်းတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးခဲ့သလို iPhone အလုံး ၂၀ ကို လုယက်ယူဆောင်သွားတယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။

ဖုန်းဆိုင်လုယက်မှုကျူးလွန်ခဲ့သူ ၄ ဦးကို သတင်းအရ တာချီလိတ်မြို့နယ်ထဲက အငှားနေအိမ်လိုင်းခန်းမှာရှိနေတယ်လို့သတင်းရတာကြောင့် နိုဝင်ဘာ ၁၃ ရက်ညပိုင်းမှာ ဝင်ရောက် စီးနင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

စီးနင်းချိန်မှာ လုယက်သူတွေဘက်က စတင်ပစ်ခတ်လို့ အပြန်အလှန်ပစ်ခတ်ကြရင်း အသေဖမ်းဆီးရမိခဲ့တယ်လို့လည်း ရဲဘက်ကပြောပါတယ်။

သေဆုံးသူ ၄ ဦး နဲ့အတူ အခင်းနေရာမှာ လုယက်သွားတဲ့ ဖုန်း ၂၀ လုံးထဲက ၁၂ လုံး၊ သေနတ်တချို့ နဲ့ ကားတစ်စီးတို့ကို သိမ်းယူ ခဲ့တယ်လို့ တာချီလိတ်ရဲတပ်ဖွဲ့ကဆိုပါတယ်။

ပုံစာ - တာချီလိတ်မြို့မရဲစခန်းက ထုတ်ပြန်လာတဲ့ CCTV မှတ်တမ်းနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်တချို့

Credit - BBC

#သတင်းဟင်းလေးအိုးကြီး

image