27 w - Translate

🍮 ကလေးရော လူကြီးပါကြိုက်တဲ့ ချိစ်ပူတင်းကင်(grilled cheese pudding)လေး လုပ်စားကြရအောင် 😋

ပါဝင်ပစ္စည်း
**********
၁။ နွားနို့ ၅၀၀ မီလီ
၂။ ကြက်ဥအနှစ် ၂လုံး
၃။ သကြား ထမင်းစားဇွန်း ၃ဇွန်း
၄။ ပြောင်းကေည်မှုန့် ထမင်းစားဇွန်း ၃ဇွန်း
၅။ ဆား လက်ဖက်စားဇွန်း ၁/၄ပုံ
၆ ။ ချိစ်ပြား ၁ပြား

ပြုလုပ်နည်း
**********
- ပါဝင်ပစ္စည်းအားလုံးကို အိုးတစ်လုံးထဲ ထည့်ပြီး နှံ့အောင်မွှေပါ(ချိစ်ပြားကတော့ မီးနဲ့တည်ရင်း ပျော်သွားမှာပါရှင့်)

- ပြီးရင်မီးဖိုပေါ်တင်ပြီး မီးအေးအေးနဲ့ ပျစ်လာတဲ့အထိ အဆက်မပြတ် မွှေပေးပါ

- ပျစ်လာရင် မီးဖိုပေါ်ကချပြီး ဆီသုတ်ထားတဲ့ ခွက် သို့ ဗန်းတစ်ခုထဲကို လောင်းထည့်ကာ ခဲသွားတဲ့အထိ အအေးခံပါ(ရေခဲသေတ္တာအောက်ထပ်ထဲထည့်ရင် ပိုမြန်ပါတယ်ရှင့်)

- ခဲသွားရင် ကြိုက်ရာအရွယ် အတုံးလေးတွေတုံးပြီး oven နဲ့ ဖုတ်ပါမယ် (ဒီအတိုင်းစားလို့လည်း ရပါတယ်နော်)

- မဖုတ်ခင် ပူတင်းတုံးလေးတွေကို ကြက်ဥအနှစ်လေးနဲ့ အရင်သုတ်ပြီးမှ အပူချိန် ၂၀၀' မှာ မိနစ် ၃၀ခန့် ဖုတ်ပေးပါ

- ကဲအခုဆိုရင် ချိုချိုဆိမ့်ဆိမ့်အိအိတုန်တုန် ပူတင်းကင်လေး ရပါပြီရှင်။ ။

#cooking

image
image
image
image