ခြေစမ်းပွဲမှာ စင်္ကာပူကို မြန်မာအရေးနိမ့်
နိုဝင်ဘာ ၁၅
နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် နိုဝင်ဘာ ၁၄ရက်နေ့က ကစားခဲ့တဲ့ စင်္ကာပူအသင်းနဲ့ မြန်မာအသင်းတို့ပွဲစဉ်မှာ အိမ်ရှင် စင်္ကာပူ အသင်းက ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
ဒီပွဲစဉ်မှာ စင်္ကာပူအသင်းဟာ ပွဲချိန် ၆ မိနစ်မှာ သွင်းယူထားတဲ့ဂိုးနဲ့ မြန်မာအသင်းကို ပထမပိုင်းမှာ ၁ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။
ဒုတိယပိုင်းမှာ မြန်မာအသင်းဟာ သွင်းဂိုးရရှိဖို့ ကြိုးစားခဲ့တာကြောင့် ပွဲချိန် ၄၇ မိနစ်မှာ ချေပဂိုးနဲ့ ၅၂ မိနစ်မှာ ဦးဆောင်ဂိုးပါ ရရှိခဲ့ပါတယ်။ မြန်မာအသင်းအတွက် ဂိုးတွေကို ရဲရင့်အောင်နဲ့ သီဟဇော်တို့က သွင်းယူခဲ့တာပါ။
ဒါပေမယ့် မြန်မာအသင်းဟာ ပွဲပြီးခါနီး ၈၄ မိနစ်နဲ့ ၈၆ မိနစ်မှာ စင်္ကာပူအသင်းကို ချေပဂိုးနဲ့ အနိုင်ဂိုး ပေးခဲ့ရပြီး ရှုံးပွဲကြုံတွေ့သွားခဲ့ပါတယ်။
စင်္ကာပူအသင်းကို အရေးနိမ့်ခဲ့တာဟာ နည်းပြ ဦးမျိုးလှိုင်ဝင်း လက်ထက်မှာ မြန်မာအသင်းရဲ့ ပထမဆုံး ရှုံးပွဲလည်း ဖြစ်ပါတယ်။
မြန်မာအသင်းဟာ လာမယ့် နိုဝင်ဘာ ၁၉ ရက်မှာ လက်ဘနွန်အသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
#centralnewsnaypyitaw