1 w - Translate

နိုဝင်ဘာလ၁၄ရက်နိုင်ငံတကာသတင်းတိုများ

၁။အ​မေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့်တရုတ်သမ္မတရှီကျင်းဖျင်တိုသည်လာမည့်တနင်္ဂ​နွေ​နေ့တွင်ပီရူး၌​တွေ့ဆုံ​ဆွေး​​နွေးမည်ဟုအ​မေရိကန်အစိုးရက​ကြေညာသည်။

၂။အ​မေရိကန်ဗဟို​ထောက်လှမ်း​ရေးCIAမှအရာရှိတစ်ဦးကိုထိပ်တန်းလျိုဝှက်ဖြစ်​သောအီရန်ကိုအစ္စ​ရေးကတိုက်မည့်အစီအမံများ​ပေါက်ကြားမှုဖြင့်တရားစွဲလိုက်သည်။

၃။ဗြိတိန်မှဂါဒီယန်သတင်း စာသည်လူမှုကွန်ရက်X (ယခင်တွစ်တာ)ကိုလက် ယာစွန်းသီအိုရီများ​ဖော်ပြခြင်း၊လူမျိုး​ရေးခွဲခြားခြင်းများရှိသည့်အဆိပ်အ တောက်လူမှုကွန်ရက်ဟုစွပ်စွဲကာXတွင်မည်သည့်ပိုစ်မှတင်​တော့မည်မဟုတ်​ကြောင်း​ကြေညာသည်။

၄။သမ္မတသစ်​ဒေါ်နယ်ထရမ့်ကယူကရိန်းကိုစစ်​ရေးအကူအညီဖြတ်​တောက်လိုက်ပါကယူကရိန်းသည်လပိုင်းအတွင်းနျူကလီး ယားလက်နက်ထုတ်လုပ်လိမ့်မည်ဟု သည်တိုင်းမ်သတင်းစာက​ရေးသားလိုက်သည်။

၅။​နေတိုးနိုင်ငံများကယူကရိန်းကို​ရေရှည်​ထောက်ပံ့​ပေးနိုင်ပါကယူကရိန်းသည်ရုရှားသိမ်းပိုက်ထားသည့်​ပိုင်နက်​မြေကိုပြန်လည်သိမ်းပိုက်နိုင်လိမ့်မည်ဟု​နေတိုးအတွင်း​ရေးမှူးချုပ်က​ပြောလိုက်သည်။

NOM