"အမေရိကန် Deep State ကို ဖြိုလှဲမည့် ဒေါ်နယ်ထရမ့်၊ ဘယ်ပါတီတက်တက် အစိုးရအထက်မှာ ချုပ်ကိုင်နေတဲ့ လူပုဂ္ဂိုလ်-အဖွဲ့အစည်းဆိုတာ တကယ် ရှိသလား (ဘာသာပြန်ဆောင်းပါး) ဒုတိယပိုင်း"
Htay Oung - နိုဝင်ဘာ ၁ဝ
အာဂျင်ဒါ ဖော်တီဆဲဗင်း ကို ထောက်ခံသူတွေကလည်း စာအုပ်ကြီးသမား ဗျူရိုကရက် Deep State တွေ ရှိနေ သရွေ့ ရွေးကောက်ခံ သမ္မတဆိုတဲ့သူက ဘာမှ လုပ်လို့မရ အကောင်အထည်ဖော်လို့ ရမှာ မဟုတ်ဖူးလို့ ပြော နေကြပါတယ်။ ဆန့်ကျင်သူတွေကလည်း အဲ့ဒီလိုလုပ်ရင် သမ္မတဆိုတဲ့သူက သြဇာပါဝါပြသလိုဖြစ်ပြီး “အာ ဏာရှင်” ဖြစ်သွားပြီလို့ လက်မခံနိုင်ပဲ ရှိကြတယ်။ နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်မှာ “ဖော်လံဖား လူတစ်စု” ကို ထည့်သွင်းချင်နေတယ်လို့ စွပ်စွဲကြပါတယ်။
အမေရိကန်ဟာ စစ်လက်နက်ရောင်းချရာမှာ ကမ္ဘာ့နံပါတ်-၁ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ဂျီဒီပီ ရာနှုန်းတစ်ခုကလဲ လက်နက်ရောင်းချခြင်းမှ ရရှိနေပါတယ်။ နိုင်ငံ့ ဝင်ငွေတိုးတက်မှုမှာ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်နေပါတယ်။ အမေရိကန်အစိုးရ၊ ကွန်ဂရက်လွှတ်တော်နဲ့ တစ်ချို့သော ပုဂ္ဂလိကကုမ္ပဏီများဟာ စစ်ရေးနည်းပညာ၊ လက် နက်ခဲယမ်း၊ တိုက်လေယာဉ်နဲ့ စစ်သင်္ဘောများအပြင် ဆက်စပ်ပစ္စည်းများကို ကမ္ဘာ့အခြားနိုင်ငံများသို့ ရောင်းချ ရာမှာ ပါဝင်နေကြပါတယ်။ ဒါ့ကြောင့်လည်း အမေရိကန်အစိုးရအဆက်ဆက်တို့ဟာ ကမ္ဘာပတ်ပြီး စစ်မီးမွှေး နေကြသလား ထင်ကြရခြင်း ဖြစ်ပါလိမ့်မယ်။
ယခုနှစ်အတွင်း ဒေါ်နယ်ထရမ့်ဟာ ၃ ကြိမ်တိုင် လုပ်ကြံရန် အားထုတ်ခြင်း ခံရပါတယ်။ ပထမအကြိမ်မှာ ပင် ဆယ်ဗေးနီးယားပြည်နယ် မဲဆွယ်နေစဉ် စင်မြင့်ပေါ်မှာ AR-15 ရိုင်ဖယ်နဲ့ ၈-ချက်တိတိ ပစ်ခတ်ခံရခြင်း ဖြစ်ပြီး ထရမ့်ရဲ့ ညာနားရွက်အပေါ်ပိုင်းမှာ ဒဏ်ရာရရှိသွားပါတယ်။ ၁၉၈၁-ခုနှစ် သမ္မတရော်နယ်ရီဂင်ကို လုပ်ကြံရန် အားထုတ်မှုနောက်ပိုင်း အမေရိကန်လျှို့ဝှက်ဌာနရဲ့ အကြီးမားဆုံး ပျက်ကွက်မှုလို့ သတ်မှတ်ကြပါတယ်။ ပရိဿတ် ၁-ဦး သေဆုံးပြီး အခြား ၂-ဦး ဒဏ်ရာ ရရှိပါတယ်။ အသက် ၂၀ အရွယ်လုပ်ကြံသူ အမျိုးသားကို လုံခြုံရေးများက ပစ်သတ်လိုက်ပါတယ်။ သူ့ရဲ့ရုပ်အလောင်းမှာ အဝေးထိန်းကိရိယာတစ်ခု တပ်ဆင်ထားပြီး သူ့ရဲ့နေအိမ်မှာလည်း ဗုံးပြုလုပ်တဲ့ ပစ္စည်းများကို တွေ့ရှိရပါတယ်။ သူဟာ သမ္မတဂျိုးဘိုင်ဒင် ကျမ်းသစ္စာ ကျိန်ဆိုတဲ့နေ့မှာ ၁၇-နှစ်သာ ရှိသေးပြီး အဲဒီနေ့မှာ ဒီမိုကရက်တစ်ပါတီကို အွန်လိုင်းမှ ၁၅ ဒေါ်လာ လှူဒါန်း ခဲ့ဖူးတာကလွဲရင် ထူးခြားတဲ့ နိုင်ငံရေးလှုပ်ရှားမှု မရှိပဲ လုပ်ကြံရာမှာ အသုံးပြုတဲ့သေနတ်ဟာ သူ့ဖခင်ရဲ့ တရား ဝင်ပိုင်ဆိုင်မှု ဖြစ်ပါတယ်။ ၂၀၂၂-ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ တစ်ကြိမ်သာ မဲပေးဖူးပြီး မဲစာရင်းမှာလည်း ရီပတ်ဘလစ်ကင်တစ်ဦးအဖြစ် မှတ်ပုံတင်ထားကြောင်း တွေ့ရှိရပါတယ်။
ဒုတိယအကြိမ်နဲ့ တတိယအကြိမ် လုပ်ကြံရန် ကြိုးစားသူများကတော့ အီရန်ရဲ့ လက်ချက်ဖြစ်ကြောင်း FBI က စစ်ဆေးတွေ့ရှိပါတယ်။ ၂၀၂၀-ပြည့်နှစ် အီရန်အစ္စလာမ်မစ်တော်လှန်အစောင့်တပ်၊ ပြည်ပတိုက်ခိုက်ရေး တပ် မှူး “ကာဆင်စူလမန်နီ” ဟာ အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံရပါတယ်။ အီရန်ဥသျှောင် အလီခါမေနီရဲ့ ညာလက်ရုန်း၊ အာဖဂန်နစ္စတန်၊ အီရတ်နဲ့ ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့များကို နှောက်ယှက် နေသူ၊ ဟဇ်ဘိုလာတို့ကို လေ့ကျင့်ပေးနေသူ အီရန်တပ်မှူးကို ဒရုန်းလေယာဉ်မှ ပဲ့ထိန်းဒုံးကျည်နဲ့ ပစ်လွှတ် သတ်ဖြတ်ရန် အမိန့်ပေးသူက အဲ့ဒီအချိန် သမ္မတဖြစ်တဲ့ ဒေါ်နယ်ထရမ့်ပဲဖြစ်ပါတယ်။ ယခုရွေးကောက်ပွဲမှာ ထရမ့်ရှူံးမယ်လို့ တွက်ထားပြီး ရွေးကောက်ပွဲကာလ လုပ်ကြံမယ့် အစီအစဉ်များကို ခေတ္တရပ်နားထားပေမယ့် ပြီးတာနဲ့ ဆက်လက်ကြိုးစားဖို့ ပြင်ဆင်ထားတယ်လို့ FBI က ပြောပါတယ်။ အီရန်ကတော့ အဲ့ဒီစွပ်စွဲချက်တွေ မမှန်ဘူးလို့ ငြင်းဆိုပါတယ်။
ခြုံငုံကြည့်ရင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ပြည်တွင်းပြည်ပ ရန်သူများ ဝိုင်းဝိုင်းလည်နေကြောင်း သိ သာပါတယ်။ ဒီလိုအချိန်မျိုးမှာ Deep State တစ်ခုဖြစ်တဲ့ CIA ကို ဖြုတ်ထုတ်သတ်ဖို့ဆိုတာ ထရမ့်အတွက် အလွန်အတိမ်းအစောင်း မခံတဲ့ ကိစ္စဖြစ်ပါတယ်။ CIA အကြီးအကဲကို ထရမ့်က ခန့်အပ်ရမှာ မှန်ပါတယ်။ ဒါပေမယ့် CIA ဟာ သမ္မတအပေါ် သစ္စာခံရန် မလိုပဲ သူ့လုပ်နည်းကိုင်ဟန် သူ့ပဋိညာဉ်အတိုင်း လုပ်ကိုင် ဆောင်ရွက်နေပါ တယ်။ အလားတူ တရားရေးဌာန၊ ဗဟိုဘဏ်၊ FBI စတဲ့ အဖွဲ့အစည်းများဟာ သူတို့ရဲ့ စည်းမျဉ်း စည်းကမ်းအတိုင်း လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့် ရှိပါတယ်။
သမ္မတအနေနဲ့ မကျေနပ်ရင် သူတို့ကို ဆင့်ခေါ်ပြီး ဥပဒေနဲ့ ညီ-မညီ မေးမြန်းစစ်ဆေးပေးဖို့ ကွန်ဂရက်လွှတ် တော်ကော်မတီကို တင်ပြနိုင်ပါတယ်။ အမေရိကန်ဟာ လွတ်လပ်စွာ ပြောဆိုခွင့် ဆန္ဒဖော်ထုတ်ခွင့်အတွက် ဖွဲ့စည်းပုံ ဥပဒေမှာ ထည့်သွင်း အာမခံထားတဲ့ တိုင်းပြည်ဖြစ်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ ထင်မှတ်မှားနေကြသလို ဘယ်ပါတီပဲ အာဏာရရ ဒီပုံစံ ဒီအတိုင်းပဲ လုပ်ကိုင် ဆောင် ရွက်ဖို့ သမ္မတနဲ့ အစိုးရအဖွဲ့ကို ကြိုးကိုင်နေတဲ့ Deep State ဆိုတာမျိုးတော့ အမေရိကန်မှာ မရှိပါ၊ အမေရိ ကန်မှာသာမက ဘယ်တိုင်းပြည်မှလည်း မရှိနိုင်ပဲ ရုပ်ပြယုံသက်သက် အဖေက သားကို ရာထူးလွှဲပြောင်းပေးတဲ့ အာဏာရှင်တိုင်းပြည်များမှာသာ တွေ့ရဖွယ်ရှိပါတယ်
ဒေါ်နယ် ထရမ့်ပြောတဲ့ Deep State ဆိုတာကလည်း ရွေးကောက်ခံအစိုးရရဲ့ မဲဆွယ်ပွဲကတိများအတိုင်း အကောင်အထည်ဖော် ဖြည့်ဆည်းပေးမယ့် အိမ်ဖြူတော်နဲ့ မဲဆန္ဒရှင်များအကြား မြင်ရ မမြင်ရ လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများကိုသာ ဆိုလိုပါတယ်။
အစဉ်လေးစားစွာဖြင့်
#htayoung, #oungmarine
#ဒေါ်နယ်ထရမ့် #deep_state #အယ်လွန်မာ့စ် #ဂျရုန်းပါလ် #fbi #cia #အမေရိကန်ဖက်ဒရယ်ဘဏ်