" သူဖုန်းစားတစ်ဦးဟာ
လက်ချည်းဗလာ ပြန်လာရိုးထုံစံ မရှိ
ကိုယ်ကတော့ ဒီဇာတ်လမ်းမှာ
လက်ချည်းသက်သက် ပြန်ခဲ့ရတယ်။
နွေမရှိ
ဆောင်းမရှိ
မိုးမရှိ
ပူနွေးစိုစွတ်တဲ့ ရာသီဥတုမရှိ
ကိုယ် ထီးတွေထုတ်ဆောင်းတယ်
ဘာဥတုမှ ရောက်မလာဘူး
ကိုယ်ထွက်ပြေးတယ်
ဘယ်မှမရောက်တဲ့ ခရီးကို
မင်းနဲ့အနီးဆုံးနေချင်ပေမဲ့
မင်းနဲ့နီးမှာကိုပဲ ကြောက်နေခဲ့မိ
အခုတော့
ရင်ဘတ်မှာ လောင်နေတဲ့မီးတွေကို
ကျလာတဲ့မျက်ရည်တွေနဲ့ ငြိမ်းနေရတယ်
အသိုင်းရေ . . .
လွမ်းလို့ မသေပေမဲ့
လွမ်းရတာ သေသလိုပါပဲကွယ် "
▪️ဘုန်းပြည့်စုံမင်း▪️
(*ကဗျာထဲပါ “အသိုင်း”သည်
ကဗျာဆရာကောက်ကွေ့၏ စာသားဖြစ်ပါသည်)