1 w - Translate

ထိုးမုန့် (အလွယ်လုပ်နည်း)

ပါ၀င်သောပစ္စည်းများ
၁။ ကောက်ညှင်းမှုန့်- ၄ ခွက်
၂။ သကြား - ၂ ခွက်ခွဲ
၃။ ရေ - ၄ ခွက်
၄။ ထောပတ် (အရည်ပျော်နေသော)- ၁ ခွက်
၅။ ဆီ - ထမင်းစားဇွန်း ၄ ဇွန်း
၆။ ထောင်းထားသောမြေပဲ - ထမင်းစားဇွန်း ၄ ဇွန်း
၇။အသေးလေးတွေတုံးထားသော ဖ၇ုံယို -ထမင်းစားဇွန်း ၄ ဇွန်း
၈။ ခြမ်းထားသော သီဟိုဉ်စေ့ - ထမင်းစားဇွန်း ၄ ဇွန်း
၉ ။ ပါးပါးလှီးထားသော အုံးသီးဖတ် - ၁ ခွက်
၁၀။ ဆား -လက်ဖက်ရည်ဇွန်း လေးပုံ တပုံ
၁၁။ ကြော်ထားသော အုံးသီးဖတ် - ၁ ခွက် ( အပေါ်က အုံးသီးကြော်ဖြူးရန်အတွက်)

ပြုလုပ်နည်း
၁။ ထိုးမုန့်မွှေရန် ယောင်းမ ၂ ချောင်းကို ဆီစိမ်ထားပါ။ (မွှေ၇င် သိပ်မကပ်အောင်လို့ပါ။)
၂။ ကောက်ညှင်းမှုန့်နဲ့ေ၇ ကို ဖျော်ပါ။ အလုံးလေးများ မကျန်တဲ့အထိ ခလောက်ပါ။ ပြီးလျှင် ဆား၊ သကြား၊ ဆီ၊ ထောပတ် ထမင်းစားဇွန်း လေးဇွန်း၊ မြေပဲ၊ ပါးပါးလှီးထားသောအုံးသီးဖတ်တို့ ကိုထည့်ရ်ျ သကြားများ အ၇ည်ပျော်သည်အထိ ခလောက်ပါ။
၃။ ဖျော်ထားသော ကောက်ညှင်းမှုန့်၇ည်ကို ထမင်းပေါင်းအိုးထဲ ထည့်ရ်ျ ထမင်းချက်သလို ချက်ပါ။ ပထမတခေါက် ကျက်လျှင် အ၇ည်များကျန်နေပါသည်။ ပေါင်းအိုးရဲ့အောက်ခြေကို ထမင်းကောဇွန်း ဖြင့် ကပ်နေသော အ၇ာများကို အသာလေးခွာပြီး နောက်တခေါက် ပြန်ချက်ပါ။ ကျက်လျှင် ၁ နာ၇ီခန့်နှပ်ထားပါ။ ပုံပါအတိုင်း ကောက်ညှင်းများ လုံးသွားပါလိမ့်မည်။
၄။ ထိုးမုန့်လုပ်ရန် အတွက် ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ထမင်းပေါင်းအိုးထဲ မှကောက်ညှင်းလုံးကို ထည့်ပါ။ ထို့နောက်ဖရုံယို ကိုထည့်၊ ကျန်နေသောထောပတ်ထဲမှ သုံးပုံ တပုံ (ထမင်းစားဇွန်း ၄ ဇွန်း) ကိုထည့်ရ်ျမွှေပါ။ (ယောင်းမ၂ ချောင်းကို အသုံးပြုပြီး မွှေပါ။) အ၇မ်းကပ်လာလျှင် နောက်ထပ် ထောပတ် ထမင်းစားဇွန်း ၄ ဇွန်းကို ထည့် မွှေပါ။ မွှေ၇င်းဖြင့် ထပ်ကပ်လာလျှင် ကျန်နေသော ထောပတ် အကုန်ထည့်ပြီး မွှေပါ။
၅။ အဖြူပစ်ပစ် အေ၇ာင်မရှိတော့ပဲ ကြည်လာသောအေ၇ာင်ပြောင်းလာလျှင် မီးဖိုပေါ်မှ ချရ်ျ ဆီသုတ်ထားသော ဘန်းထဲထည့်အအေးခံပါ။
၆။ အေးလျှင် ကြိုက်နှစ်သက်၇ာ အ၇ွယ်အစားတုံးရ်ျ အပေါ်က အုံးသီးကြော်ဖတ် ဖြူးပြီး သုံးဆောင်နိုင်ပါသည်။

(၁ခွက် =240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon= 15ml)
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon= 5 ml)

image