9 w - Translate

စျေးကွက်ထဲမှာ Volkswagen ID.3 နဲ့ အပြိုင်ကြဲမယ့် GAC ရဲ့ Aion UT လျှပ်စစ်ကားသစ်

မြို့တွင်းသုံး လျှပ်စစ်ကားစျေးကွက်ထဲမှာ Volkswagen ID.3 နဲ့ အပြိုင် နေရာယူဖို့အတွက် GAC Aion UT hatchback ကားသစ်ရဲ့ တရားဝင် ပုံရိပ်တွေကို ချပြပေးလိုက်ပါပြီ။ အဆိုပါကားသစ်ကို November 15 မှာ ကျင်းပမယ့် Guangzhou Auto Show မှာ တရားဝင် မိတ်ဆက်ပေးသွားဖို့ ရှိနေပါတယ်။

Aion က GAC Group လက်အောက်က electric car branch တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံမှာ NEV ကားတွေက ICE ကားတွေထက် ပိုအသုံးပြုတာတွေ များလာတာကြောင့် AION ကလည်း လက်ရှိမှာ ရောင်းအားကောင်းတဲ့ Brand တစ်ခု ဖြစ်လာခဲ့ပါတယ်။ first global model ကတော့ second-gen Aion V ဖြစ်ပြီး second global model က Aion RT sedan နဲ့ third model ကတော့ အခုထွက်ရှိလာမယ့် Aion UT hatchback ပါ။

Aion UT ကားသစ်က urban mobility အတွက် အဓိက ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတဲ့ electric hatchback ဖြစ်ပြီး flush door handles, a smooth outline, oval-shaped headlight, short overhangs နဲ့ long wheelbase ဒီဇိုင်းမျိုးဖြစ်ပါတယ်။ အပြင်ပိုင်းဒီဇိုင်းအားဖြင့် Geely Geome Xingyuan နဲ့ BYD Dolphin တို့လို ကားတွေနဲ့ ဆင်တူပါတယ်။

Aion UT ကားသစ်က 4270/1850/1575 mm နဲ့ Wheelbase 2750mm ရှိတဲ့ compact car ဖြစ်ပါတယ်။ curb weight ကတော့ 1510 – 1540 kg range ရှိပြီး 16 or 17-inch wheels ကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ စွမ်း‌ဆောင်ရည်ပိုင်းမှာဆိုရင်လည်း peak power 100 kW (134 hp) နဲ့အတူ single permanent magnet synchronous e-motor ကို ထည့်သွင်းပေးထားပါတယ်။ Aion UT’s LCD instrument panel မှာ တွေ့မြင်ရတဲ့ ပုံအရ 600 km range မောင်းနှင်နိုင်မယ်လို့ ထင်ရပါတယ်။

Aion UT ကို တရုတ်နိုင်ငံမှာ ရောင်းချမယ့်ဈေးနှုန်းအားဖြင့် 13,800 USD အောက်ပဲကျသင့်ဖွယ်ရှိပြီး Volkswagen ID.3 က 17,950 USD နဲ့ BYD Dolphin က 13,800 USD ဝန်းကျင်ရှိတဲ့ ကားတွေနဲ့ စျေးကွက်ထဲမှာ အဓိက ယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။

လက်ရှိအချိန်မှာတော့ တရားဝင်ရောင်းချခြင်းမရှိသေးပေမယ့် GAC ရဲ့ Aion ကားတွေကို တင်သွင်းရောင်းချနေတဲ့ မြန်မာနိုင်ငံမှာရော အခုထွက်ရှိလာတော့မယ့် Aion UT ကားသစ်ကရော ရောက်ရှိလာနိုင်မလားဆိုတာတော့ မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကို မျှဝေပေးခဲ့ပါဦး။

image
image
image
image