အိမ်ဖြူတော်မှာ ရွေးကောက်ခံသမ္မတ ထရမ့်နဲ့ သမ္မတဘိုင်ဒန်တို့ နိုဝင်ဘာ ၁၃ ရက်မှာ တွေ့ဆုံပြီး အာဏာလွှဲပြောင်းရေးကိစ္စ ဆွေးနွေးခဲ့ကြသလို ဒီတွေ့ဆုံမှုအပြီး ထရမ့်က ကြေညာချက်ကြီးကြီးမားမားတွေလည်းပြုလုပ်လာပါတယ်။
အဲဒီထဲမှာ -
• ဒေါ်နယ်ထရမ့်က ကွန်ဂရက်အမတ် မတ်ဂိတ်ကို ရှေ့နေချုပ်ရာထူးအတွက် အဆိုပြုထား၊
• ဖလော်ရီဒါပြည်နယ် အထက်လွှတ်တော်အမတ် မာကို ရူဘီယိုကို နိုင်ငံခြားရေးဝန်ကြီးနေရာ အဆိုပြု၊
• အမျိုးသားထောက်လှမ်းရေးညွှန်ချုပ်နေရာအတွက် တူလ်ဆီ ဂတ်ဘတ်ကို အဆိုပြုထား၊
• ဒီရာထူးတွေကို အထက်လွှတ်တော်က အတည်ပြုပေးဖို့လိုပြီး အထက်လွှတ်တော်မှာ ထရမ့်ရဲ့ ရီဘတ်ဘလီကန်ပါတီက အမတ်အများစု ရှိနေ၊
• တောင် ဒါကိုဒါပြည်နယ် အထက်လွှတ်တော်အမတ် ဂျွန်သူးက ဆီးနိတ်လွှတ်တော် အမတ်ခေါင်းဆောင်နေရာကို ရွေးချယ်ခံရပြီး မြန်မာ့အရေးမပြတ်ပြောလေ့ရှိတဲ့ ကန်တတ်ကီပြည်နယ် အမတ် မစ်ချ် မက်ကော်နယ်ရဲ့နေရာမှာ အစားထိုးရယူပြီဖြစ်ပါတယ်၊
• အောက်လွှတ်တော်မှာတော့ ရီပတ်ဘလီကန်ပါတီအမတ်တွေကပဲ အမတ်နေရာအများစုရရှိထားပါတယ်၊
Credit - BBC
#သတင်းဟင်းလေးအိုးကြီး



