တရားမဝင်သစ် ၁၅၇ ဒသမ ၄၁၄၈ တန်နှင့်အတူ တရားခံ ၁၃ ဦး ဖမ်းဆီးရမိ
နိုဝင်ဘာ ၁၄
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင် ကျွန်း၊ သစ်မာနှင့် အခြားသစ် စုစုပေါင်း ၁၅၇ ဒသမ ၄၁၄၈ တန်နှင့်အတူ တရားခံ ၁၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ သိရသည်။
နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၃၅ ဒသမ ၃၀၉၄ တန်၊ သစ်မာ ၈ ဒသမ ၄၄၃၀ တန်၊ အခြားသစ် ၁၁၃ ဒသမ ၆၆၂၄ တန် စုစုပေါင်း ၁၅၇ ဒသမ ၄၁၄၈ တန်၊ ယာဉ်/ယန္တရားခြောက်စီး၊ တရားခံ ၁၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
Credit - New Vision Media
#သတင်းဟင်းလေးအိုးကြီး
