ဖိလစ်ပိုင်းမှာ စူပါတိုင်ဖွန်း ယူဆာဂီကြောင့် သတိပေးချက် အမြင့်ဆုံးထုတ်ပြန်
နိုဝင်ဘာ၁၄
အင်အားပြင်း မုန်တိုင်းများကြောင့် ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့သည့် ဖိလစ်ပိုင်မြောက်ပိုင်းကို စူပါတိုင်ဖွန်း ယူဆာဂီ ချဉ်းကပ်တိုက်ခိုက်လာပြီဖြစ်တာကြောင့် မိုးလေဝသဌာနက မု်နတိုင်းသတိပေးချက်ကို အမြင့်ဆုံး ထုတ်ပြန်သတိပေးလိုက်ပါတယ်။
ယူဆာဂီဟာ ဒေသစံတော်ချိန် ဒီကနေ့မွန်းလွဲပိုင်းမှာ လူဇွန်ကျွန်းပေါ်ကို တနာရီလေတိုက်နှုန်း ၁၈၀ ကီလိုမီတာနဲ့ တိုက်ခတ်သွားမှာဖြစ်ပြီး ဒါဟာ သီတင်းသုံးပတ်အတွင်း ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်တဲ့ ငါးကြိမ်မြောက် မုန်တိုင်းလည်းဖြစ်ပါတယ်။
မုန်တိုင်းကြောင့် ကမ်းရိုးတန်းဒေသတွေမှာ အထူးသဖြင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးထားပါတယ်။ ကာဂါယန်ပြည်နယ် ကမ်းရိုးတန်းနဲ့ မြေနိမ့်ပိုင်း ဒေသတွေမှာ ဘေးလွတ်ရာ ပြောင်းရွှေ့မှုတွေ လုပ်နေပြီလိုပ အရပ်ဘက်ကာကွယ်ရေး အေဂျင်စီအကြီးအကဲက ဆိုပါတယ်။
ယခုလအစောပိုင်းမှာ ကာဂါယန်မြောက်ဘက်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့တိုင်ဖွန်းမုန်တိုင်း ရင်ရှင်းမတိုင်မီ ကြိုတင်ပြောင်းရွှေ့ခဲ့တဲ့ လူဦးရေးအတိုင်း လူ လေးသောင်းကို ယာယီစခန်းတွေမှာ ခှိုလှုံရဖို့ရှိတယ်လို့ ပြောပါတယ်။
မကြာသေးမီက တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေကြောင့် လူ ၁၅၉ ယောက်သေဆုံးပြီး အဆိုးရွားဆုံး ထိခိုက်ခဲ့တဲ့ဒေသတွေမှာ ကူညီကယ်ဆယ်ရေးတွေအတွက် ကုလသမဂ္ဂက ဒေါ်လာ၃၂ ဒသမ ၉ သန်း အကူအညီတောင်းခံထားပါတယ်။
Ref:CNA
Photo:AP/Getty Images
#centralnewsnaypyitaw


