27 w - Translate

လူသားဆန်လွန်းသူ Mike Tyson
ကျွန်တော်တွေးကြည့်တာပါ။ ကစားသမားတွေက ပရိသတ်ကြိုက်အောင် ကြမ်းပြရမ်းပြရတယ်။ ပင်ကိုစိတ်က ကြမ်းချင်မှကြမ်းတာပါ။ ဥပမာ - အိုင်းရစ်သူဌေး Conor McGregor ပါပဲ။ ပြိုင်ဘက်တွေကို အမျိုးမျိုးကလိပေမယ့် ပင်ကိုဗီဇက ကူညီလိုစိတ်ရှိတယ်။ တခြားကစားသမားတွေကို သူကူညီပေးခဲ့တာတွေလည်း အများကြီးပါပဲ။
ဒါပေမယ့် Mike Tyson က အဲလိုမဟုတ်ဘူး။ ပင်ကိုစိတ်ကိုက ကြမ်းတမ်းခက်ထန်နေတာပါ။ အဖေဆိုတာ ဖြူသလား၊​ မဲသလား မသိဘူး။ (၂) နှစ်သားလောက်မှာ အစွန့်ပစ်ခံထားရတာကိုး။ အမေရဲ့ လက်အောက်မှာပဲ ကြီးပြင်းလာခဲ့ရပါတယ်။ ငယ်ငယ်တည်းက ခိုးဆိုးလုနှိုက်လုပ်လာတယ်။ အသက် (၁၃) နှစ်မှာတင် (၃၈) ကြိမ်အဖမ်းခံရဖူးတယ်။
Mike Tyson က (၁၃) နှစ်လောက်မှာတင် အရပ် (၅) ပေ (၈) လက်မရှိပြီး ကိုယ်အလေးချိန်က ပေါင် (၁၉၀) ကျော်တယ်။ နုထွားကြီးပါ။ ရွယ်တူကလေးတွေထက် ပိုထွားတယ်။ လမ်းထဲမှာ ကလေးချင်းရန်ဖြစ်တယ်။ ထိုးကြိတ်လွှတ်လိုက်တယ်။ ဟိုကလေးတွေက သူတို့အဖေခေါ်လာကြတယ်။ သူတို့အဖေတွေနဲ့ပါ ထပ်ချရတယ်။ အဲလောက်ထိကို ကြမ်းတမ်းခဲ့တာပါ။
လူငယ်ပြုပြင်ရေးစခန်းမှတစ်ဆင့် Mike Tyson က ဘောက်ဆင်အားသန်လာတယ်။ အတိုပြောရရင် နည်းပြ Cus D’Amato ရဲ့ လက်အောက်မှာ နာမည်ကျော် ကစားသမားဖြစ်လာတယ်။ ဒါပေမယ့် Mike Tyson ကမ္ဘာ့ချန်ပီယံမဖြစ်ခင်မှာပဲ နည်းပြကြီး Cus D’Amato ကွယ်လွန်သွားရှာတယ်။ လက်ထောက်နည်းပြ Kelvin Rooney က ဆက်လေ့ကျင့်ပေးတာမို့ Mike Tyson က ဟန်မပျက်ပါဘူး။ ကမ္ဘာ့ချန်ပီယံဖြစ်ပြီး ဒေါ်လာသန်းချီရှာနိုင်လာတယ်။
Mike Tyson က အမှားကြီးလုပ်မိတယ်။ အဲဒါက နည်းပြ Kelvin Rooney နဲ့ တစ်ဖွဲ့လုံးကို အလုပ်ထုတ်ပစ်တာပဲ။ မအောင်မြင်ခင်တုန်းက အမြင့်ကို တွန်းတင်ပေးခဲ့တဲ့ ကျေးဇူးကိုမှ မထောက်ခဲ့ဘူး။ အဲဒီတည်းက ကျဆုံးခန်းဝင်လာတာပဲ။ ဒီလိုအလုပ်ထုတ်တာကလည်း Don King ရဲ့ စနက်တွေပါ။ ကြေးစားဘဝမှာ Mike Tyson က ပထမဆုံးရှုံးပွဲကြုံရတယ်။ ကစားသမားပဲ၊ ရှုံးတာက ကိစ္စမရှိပါဘူး။ အဆိုးဆုံးက မော်ဒယ်မကို မုဒိန်းကျင့်ခဲ့တာပါ။
လူဆိုတာက ရိုင်းချင်ရိုင်းလို့ရတယ်။ ဒါပေမယ့် ယုတ်မာလို့ မရဘူးတဲ့။ လူ့ကျင့်ဝတ်ဖောက်ဖျက်လို့ မရဘူး။ Mike Tyson က လူသားဆန်လွန်းအားကြီးတယ်။ အဲဒီလူသားဆန်မှုကြောင့်ပဲ ပရိသတ်အသည်းစွဲဖြစ်နေသလား မပြောတတ်ပါဘူး။ စာဖတ်သူတွေ ဘေးကင်းပါစေ။
+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷
CMKN Gas Stoves ဆိုတာက စားသောက်ဆိုင်၊ ဟိုတယ်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို မြန်မာတစ်နိုင်ငံလုံးမှာ တစ်ဦးတည်းမူပိုင် ဖြန့်ဖြူးရောင်းချပေးနေတဲ့ ကုမ္ပဏီဖြစ်ပြီး မြို့ကြီးတွေမှာလည်း ဆိုင်ခွဲတွေအများကြီး ဖွင့်လှစ်ထားပါတယ်။ အိမ်ရှင်မတွေရဲ့အကြိုက် နံပါတ် (၁) ထုတ်ကုန်ဖြစ်လို့ ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ်။
Reference Source – Boxing Scene
Photo Credit - Mike Tyson
Credit to ကိုကျော်စိုးအောင် (Myanmar Fight Edition)

image