9 w - Translate

မီးတောင်ပေါက်ကွဲမှုကြောင့်ဩစတြေးလျနှင့်အင်ဒို လေယာဉ်ခရီးစဉ်များဖျက်သိမ်းရ

ဆစ်ဒ်နီ၊နိုဝင်ဘာ ၁၃

ဩစတြေးလျနှင့်ဘာလီသို့ ပြေးဆွဲပျံသန်းလျက်ရှိသော လေယာဉ်ခရီးစဉ်များအားလုံးကို မီးတောင်ပေါက်ကွဲမှုမှထွက်ပေါ်လာသောပြာများကြောင့် ယာယီရပ်နားထားရကြောင်းသိရသည်။

သြစတြေးလျ၏ အကြီးဆုံးလေကြောင်းလိုင်းသုံးခုဖြစ်သည့် Qantas၊Virgin Australia နှင့် Jetstar တို့သည် အင်္ဂါနေ့နှင့်ဗုဒ္ဓဟူးနေ့များတွင် အင်ဒိုနီးရှားနိုင်ငံအရှေ့ဘက် နူဆာတန်ဂါရာပြည်နယ်ရှိ လီဝိုတိုဘီမီးတောင်ပေါက်ကွဲပြီးနောက် ဘာလီသို့ အသွားအပြန် ခရီးစဉ်များကို ဖျက်သိမ်းခြင်းနှင့် အချိန်ရွှေ့ဆိုင်းခြင်းများပြုလုပ်ခဲ့ကြသည်။

Qantas ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Jetstar သည် အင်္ဂါနေ့ညနေပိုင်း၌ သြစတြေးလျမှ ဘာလီမြို့ Denpasar လေဆိပ်သို့ ၎င်း၏လေကြောင်းခရီးစဉ်အားလုံးကို ဖျက်သိမ်းခဲ့သည်ဟုလည်းသိရသည်။

"အင်ဒိုနီးရှားရှိ လီဝိုတိုဘီမီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ မီးတောင်ပြာတွေနဲ့ ဘာလီကျွန်းကို လည်ပတ်ဖို့ လောလောဆယ်မှာမလုံခြုံသေးပါဘူး" ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

"ကျွန်တော်တို့ရဲ့ ဧည့်သည်တွေနဲ့ လေယာဉ်အမှုထမ်းတွေရဲ့ ဘေးကင်းရေးဟာ ကျွန်တော်တို့ရဲ့ အရေးအကြီးဆုံးဦးစားပေးဖြစ်ပါတယ်” ဟုလည်း လေကြောင်းလိုင်း၏ ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

အခြေအနေကိုအနီးကပ်စောင့်ကြည့်နေပြီး ပြန်လည်ပြေးဆွဲနိုင်မည့်အချိန်ကို အချိန်နှင့်တပြေးညီတင်ပြသွားမည်ဖြစ်သဖြင့် ၎င်းတို့လေကြောင်းလိုင်းဝက်ဘ်ဆိုက်ကို စောင့်ကြည့်နေပေးရန်လည်းတောင်းဆိုထားသည်။

image