27 w - Translate

Android 15 မှာ ဂြိုလ်တု ဆက်သွယ်ရေး ပါလာမည်
==============================

အခုဆိုရင် ဂြိုလ်တု ဆက်သွယ်ရေး ပါတဲ့ စမတ်ဖုန်းတွေ ထွက်ပေါ်လာပြီ ဖြစ်ပေမယ့် Operating System Level အထိ ထောက်ပံ့ထားတာ မဟုတ်ပါဘူး။

အခုတော့ Android 15 မှာ ဂြိုလ်တု ဆက်သွယ်ရေးကို Operating System Level အထိ ထောက်ပံ့လာတော့မှာ ဖြစ်ပါတယ်။ Google က ပြီးခဲ့တဲ့လမှာ ပထမဆုံး Android 15 Developer Preview ကို ဖြန့်ချိခဲ့ပြီး အခုတော့ ဒုတိယ ဗားရှင်းကို ထုတ်ပေးလိုက်ပါတယ်။ ဒုတိယ ဗားရှင်းမှာ ဂြိုလ်တု ဆက်သွယ်ရေးကို ထောက်ပံ့လာပါတယ်။ Google က ဂြိုလ်တု ဆက်သွယ်ရေးအတွက် UI Element တချို့ကို ထည့်သွင်းပေးထားတယ်လို့ ပြောပါတယ်။

အဲဒီ ဗားရှင်းမှာ တခြား တိုးတက်မှုတွေ ပါလာပါတယ်။ Do Not Disturb Mode မှာ Customize ပိုမို လုပ်လာနိုင်ပြီ ဖြစ်ပြီး Display ကို Black and White ပြောင်းတာ၊ Night Mode ဖွင့်တာတို့ကို ပြုလုပ်လာနိုင်ပါတယ်။ Developer တွေဟာ သူတို့ရဲ့ App တွေမှာ Password နဲ့ ကာကွယ်ထားတဲ့ PDF တွေကို ထောက်ပံ့လာနိုင်သလို PDF မှာ Search , Edit လုပ်နိုင်လာပါတယ်။ PDF တွေကို ကြည့်ရင် စွမ်းအင် စားသုံးမှု ပိုနည်းလာသလို ပိုမြန်လာပါတယ်။

ငွေပေးချေဖို့အတွက် NFC စွမ်းရည်က ပိုကောင်းလာပြီး Audio Recognition အတွက် အလိုအလျှောက် ဘာသာစကား ပြောင်းပေးမှု ပိုကောင်းလာပါတယ်။ App တွေကို Flip-style Foldable ရဲ့ အရွယ်သေး ကာဗာ Screen မှာ ပေါ်အောင် ပြုလုပ်နိုင်ပါတယ်။

Ref : gsmarena

image