27 w - Translate

ဖုန်းမှာ Noti နောက်ကျတာက အလွန်ဆုံး Message တစ်စောင်လွတ်ရုံပဲ... ကားမှာ ကီလို ၁၀၀ နှုန်းမောင်းနေတုန်း Suspension လစ်သွားရင် အသက်တစ်ချောင်းပဲ 🥲
.
Xiaomi SU7 ကို တရုတ်နိုင်ငံမှာ တရားဝင်စျေးနှုန်းနဲ့ မိတ်ဆက်တာ Post မတင်ဖြစ်ပဲ ဒီတိုင်း Review တွေလိုက်ကြည့်ပြီး သဘောကျနေတုန်း တရုတ်နိုင်ငံတွင်း Social Media တွေ၊ X (Twitter) လိုမျိုးတွေမှာ Xiaomi SU7 အကြောင်း သတင်းတွေဆက်တိုက်တက်လာပါတယ် - ခက်တာက အကောင်းဘက်ကတော့ မဟုတ်နေတာပဲ 🫠

ဘာဖြစ်တာလဲဆိုတော့ Xiaomi SU7 EV က လောလောဆယ်မှာ ဆက်တိုက်ကို တရုတ်နိုင်ငံတွင်းမှာ မတော်တဆမှုတွေဖြစ်နေတယ်။ ဒါက ကားကြောင့်လို့ပြောရမလား၊ Driver ကို အပြစ်ပုံချမလားတော့ မသိသေးပေမယ့် ဝယ်ထားတဲ့ တကယ့် Customer တွေဆီကိုတောင် မရောက်သေးဘူးဆိုတော့ Xiaomi ဘက်က စမ်းသပ်တဲ့သူတွေနဲ့ ကားအကြောင်း Video လုပ်၊ Review လုပ်နေကြတဲ့ Journalist တွေလက်ထဲမှာပဲ အခု မတော်တဆမှုတွေက ဖြစ်တဲ့ပုံပါပဲ။ ဆိုတော့ Customer တွေမောင်းတာ အသုံးမကျလို့ဖြစ်တယ်ဆိုတာကတော့ ပြောဖို့ခက်သွားပြီ...။

ဖြစ်တာတွေက -

#1. မီးပွိုင့်ကနေ Right Turn ကို အရှိန်နဲ့ထွက်ပြီး ကွေ့တုန်းမှာ Traction Control System (ဘီးမချော်အောင်ထိန်းတဲ့စနစ်) က သေချာမချိန်ပေးနိုင်လို့ အလယ်ကျွန်းကို ဝင်တိုက်တယ်။ ဒါက RWD Version လား၊ AWD Version လားတော့ မသိသေးဘူး - ဒါပေမယ့် လောလောဆယ် အစမ်းများတဲ့ AWD SU7 Max Version မှာဖြစ်တာဆိုရင်တော့ တော်တော်ရယ်ရတဲ့ မတော်တဆမှုပဲ။

ဒီလိုအလယ်ကျွန်းဝင်တိုက်တာကို Car News China က ရေးတဲ့အတိုင်း ဘာသာပြန်လိုက်ပါမယ် -

"ဘယ်လိုပဲ အတွေ့အကြုံမရှိတဲ့သူ တက်မောင်းပါစေ, အခုခေတ် EV ကားတွေက ဒါကို ကောင်းကောင်း ကိုင်တွယ်နိုင်ပြီး အန္တရာယ်များတဲ့ မောင်းနှင်မှုပုံစံမျိုးကို ခွင့်ပြုမှာမဟုတ်ဘူး၊ ဒါကြောင့် အခုဖြစ်ရပ်က Xiaomi SU7 ရဲ့ Traction Control စနစ် ချို့ယွင်းချက်ပဲဖြစ်နိုင်တယ်။ တကယ်သာ Traction Control ကောင်းကောင်းအလုပ်လုပ်ရင် ဘီးတစ်ခုချင်းစီ လမ်းချော်မချော်ကို သိရှိပြီး Motor နဲ့ Brake ကို ထိန်းညှိပေးသင့်တယ်။ ဒါကြောင့် Software ကြောင့်လား... Hardware ကြောင့်လား မသိရသေးပေမယ့် Xiaomi ရဲ့ Traction System က Advanced ဖြစ်တဲ့ System လို့ ခေါ်ဖို့က ဝေးနေသေးတယ်။

ဥပမာ - Tesla သာ ဖြစ်နေခဲ့ရင် ဒီလိုဖြစ်ရပ်မျိုးဖြစ်မှာမဟုတ်ဘူး၊ ဘာကြောင့်လဲဆိုရင် Tesla ရဲ့ Traction Control က ပိုကောင်းတာထက် Tesla မှာ Motor Traction Control အတွက် ဒုတိယမြောက် Traction Control System တစ်ခုရှိနေသေးတယ်။ "

ဒါကြောင့် ဘယ်လိုမှ Tesla ကားကို အခု Xiaomi SU7 လိုမျိုးဖြစ်အောင် မောင်းလို့ရမှာမဟုတ်ဘူး။ ဝင်တိုက်မှာမဟုတ်ဘူး။

#2. Radient Purple အရောင်နဲ့ Xiaomi SU7 တစ်စီးရပ်ထားတဲ့အချိန်မှာ Air Suspension က အလုပ်မလုပ်တော့ပဲ Low Rider လို Stanced လုပ်ထားသလိုဖြစ်နေတယ်။ ဒါကတော့ Air Suspension ဖြစ်လို့ Ride Height (ကားအနိမ့်အမြင့်) ချိန်လို့ရတဲ့ အနိမ့်ဆုံးထားတာထက် Suspension ကိုက Defect ဖြစ်နေတာဆိုပြီး ပြောထားတယ်။

#3. ပြီးတော့ XIaomi SU7 အပြာတစ်စီးလည်း လမ်းမှာ ယာဥ်တိုက်မှုဖြစ်သွားတယ်၊ ဘာကြောင့်လဲမသိပေမယ့် Fender ချိုင့်ရုံလောက်ပဲ။

#4. BMW Z4 တစ်စီးကို အနောက်ကနေ Xiaomi SU7 က ဝင်တိုက်လိုက်သေးတယ်။ သိပ်တော့မထိလိုက်ဘူး။

ဒါကတော့ ထူးခြားတယ် - ဘာကြောင့်လဲဆိုရင် အခုခေတ်ကားတွေ တော်တော်များများက Radar တွေပါပြီးသား - ဆိုတော့ ကားရှေ့မှာ လူ၊ ဒါမှမဟုတ် တခြားကားတစ်စီးက ကပ်နေပြီဆိုတာနဲ့ Emergency Brake က မောင်းတဲ့သူမလုပ်ရင်တောင် Override လုပ်ပြီး ရပ်ချတယ်။ Xiaomi SU7 ဆို ဒီအတွက်နဲ့ Autonomous Driving အတွက် LiDAR Sensor Setup တောင် ခေါင်မိုးပေါ်တင်ထားသေးတယ်။ ဆိုတော့ အခုလို အနောက်ကနေ ဝင်ကြုံးတာက Radar ပဲ Miss သွားတယ်ဆိုပြီး ပြောထားတယ်။

#5. အပေါ်က လောလောဆယ်ဖြစ်ထားတာတွေ - ပထမဆုံးဖြစ်ထားတဲ့ မတော်တဆမှုက ဖေဖော်ဝါရီလတုန်းက နှင်းထဲမှာ စမ်းသပ်တုန်းဖြစ်ထားတာ၊ဒါကတော့ စမ်းနေတုန်းဆိုတော့ ဖြစ်နိုင်တာပဲ၊ အထူးအခြားမဟုတ်ဘူး။

ဆိုတော့ ဒါတွေက လောလောဆယ်တွေ့ထားတဲ့ Xiaomi SU7 ရဲ့ မတော်တဆမှုတွေ... ပထမဆုံး အလယ်ကျွန်းဝင်တိုက်တဲ့ Xiaomi SU7 Video ကို X (Twitter) မှာတင်ထားတဲ့ @kiss486 ဆိုတဲ့ User တစ်ယောက်ပြောထားတာဆိုရင် Xiaomi SU7 ကို စမ်းသပ်နေတုန်း တရုတ်ပြည်တွင်းမှာ မတော်တဆမှုပေါင်း ၄၀ လောက်ဖြစ်ထားပြီးပြီလို့ ဆိုထားတယ်။ (တကယ်ဟုတ်မဟုတ်တော့မသိ)

Xiaomi SU7 EV က စျေးနှုန်းကလည်း 215,900 ယွမ် (29,900 USD) ကနေစရောင်းတဲ့အတွက် အခုရောင်းအားမတရားကောင်းနေတယ်၊ ၂၄ နာရီအတွင်း အမှာစာ ၉ သောင်းကျော်သွားသလို စမ်းမောင်းချင်လို့ မနက် ၃ နာရီအထိ တန်းစီစောင့်ကြတဲ့သူတွေ၊ အခုဆို မှာထားရင်တောင် ကိုယ့်လက်ထဲကားရောက်ဖို့ ရက်သတ္တပါတ် ၃၀ ကျော်စောင့်ရမယ့်အထိကို အောင်မြင်နေတဲ့ကားပါ။ Review တွေကလည်း Porsche နဲ့တူနေတယ်ဆိုတာကလွဲရင် ကောင်းတာတွေကြီးပဲ။

ဒါပေမယ့် အခုလိုမတော်တဆမှုတွေဆက်တိုက်ဖြစ်နေတာကတော့ တစ်ချက်စောင့်ကြည့်စရာဖြစ်လာနိုင်တယ်။ ဘာကြောင့်လဲဆိုရင် အစမှာပြောသလို အခုဖြစ်တဲ့မတော်တဆမှုတွေက Xiaomi ဘက်က ကျွမ်းကျင်စမ်းသပ်တဲ့သူတွေ (ဒါမှမဟုတ်) ကားအကြောင်း Review လုပ်နေတဲ့ ကားမောင်းကျွမ်းကျင်တဲ့ Journalist တွေမောင်းနေတုန်းဖြစ်နေတာ - ဆိုတော့ ကားမောင်းသူကြောင့်ဆိုပြီး ပြောဖို့က သိပ်မလွယ်ဘူး။

ဘာပဲဖြစ်ဖြစ် 0-100km/h ကို 2.78s အတွင်း အရှိန်တင်နိုင်ပြီး 663hp ရှိတဲ့ Xiaomi SU7 ကို သာမန်လူတွေတက်မောင်းရင် အခုလို မတော်တဆမှုတွေဆက်ဖြစ်နေဦးမလား... Xiaomi ဘက်က ဘယ်လိုပြန်ပြင်ဆင်မလဲဆိုတာကို စောင့်ကြည့်ရမယ်။

Chevy Bolts တွေလို မီးထမလောင်သေးတာပဲ တော်ပါသေးတယ်ပေါ့ 🫠

#techgadgetmm #news

image