Cape Gooseberry
ခေါ် ဒေသအခေါ် ဗောက်လောက်သီးပေါ့
ဒီအတိုင်းစားရင်တောင် ချိုချဥ်အရသာရှိတဲ့အပြင်
ဗီတာမင်၊ သတ္တုဓါတ်နဲ့antioxidantတွေလို
ကျန်းမာရေးအထောက်ကူပြုတွေပါဝင်လို့
ခုနောက်ပိုင်း တော်တော်များများစားသုံးတာတွေ့လာရတယ်
🎞မင်မင်တို့လို ကိုရီးယာfanတွေကတော့
အစောကမစားဖြစ်တောင်
tale of the nine tailedကြည့်ပြီး ကတည်းက
စားမယ်တကဲကဲပဲမို့လားရှင့်😁
🥧တစ်ခြားနိုင်ငံတွေမှာတော့ ယိုနဲ့ မုန့်လုပ်တဲ့နေရာမှာသုံးသလို ဖျော်ရည်အနေနဲ့လဲသုံးဆောင်ကြတယ်
ကိုယ်တွေဆီမှာတော့ အရွက်ကိုသုပ်စား,အသီးကိုဒီအတိုင်း
သရေစာအနေနဲ့စားတာအတွေ့များတယ်
🌱စိုက်ပျိုးတဲ့မြေအလိုက် အသီးအရောင်လေးတွေလဲပြောင်းကြသလို အအေးပိုင်းဒေသက အလုံးကပိုကြီးသတဲ့ရှင့်
🚫သတိထားစရာ တစ်ခုက
တစ်ချို့ဘယ်ရီသီးမျိုးနွယ်ဝင်တွေနဲ့မတည့်သူတွေ
ဗီတာမင်စီနဲ့အေ မတည့်သူတွေရှောင်သင့်သလို
အစိမ်းသီးတွေမှာ alkaloidအနည်းငယ်ပါဝင်နေလို့
မမှည့်ရင် စားဖို့မသင့်တော်ပါဘူး
ဆိုတာကိုတော့ ဗဟုသုတအနေနဲ့ သိထားဖူးပါတယ်ရှင်
#knowledge