27 w - Translate

Cape Gooseberry ​
​ခေါ် ​​​ဒေသအ​ခေါ် ဗောက်​​လောက်သီး​ပေါ့

ဒီအတိုင်းစားရင်​တောင် ချိုချဥ်အရသာ​ရှိတဲ့အပြင်

ဗီတာမင်၊ သတ္တုဓါတ်​နဲ့antioxidant​တွေလို
​ကျန်းမာ​ရေးအ​ထောက်ကူပြု​တွေပါဝင်လို့
ခု​နောက်ပိုင်း ​တော်​တော်များများစားသုံးတာ​တွေ့လာရတယ်

🎞မင်မင်တို့လို ကိုရီးယာfan​တွေက​တော့
အ​စောကမစားဖြစ်​တောင်
tale of the nine tailedကြည့်ပြီး ကတည်းက
စားမယ်တကဲကဲပဲမို့လားရှင့်😁

🥧တစ်ခြားနိုင်ငံ​တွေမှာ​တော့ ယိုနဲ့ မုန့်လုပ်တဲ့​နေရာမှာသုံးသလို ​ဖျော်ရည်အ​နေနဲ့လဲသုံး​ဆောင်ကြတယ်

ကိုယ်​တွေဆီမှာ​တော့ အရွက်ကိုသုပ်စား,အသီးကိုဒီအတိုင်း
သ​ရေစာအ​နေနဲ့စားတာအ​တွေ့များတယ်

🌱စိုက်ပျိုးတဲ့​မြေအလိုက် အသီးအ​ရောင်​လေး​တွေလဲ​ပြောင်းကြသလို အ​အေးပိုင်း​​ဒေသက အလုံးကပိုကြီးသတဲ့ရှင့်

🚫သတိထားစရာ တစ်ခုက
တစ်ချို့ဘယ်ရီသီးမျိုးနွယ်ဝင်​တွေနဲ့မတည့်သူ​တွေ
ဗီတာမင်စီနဲ့​အေ မတည့်သူ​​တွေ​ရှောင်သင့်သလို
အစိမ်းသီး​တွေမှာ alkaloidအနည်းငယ်ပါဝင်​နေလို့
မမှည့်ရင်​ စားဖို့မသင့်​တော်ပါဘူး​​
ဆိုတာကို​တော့ ဗဟုသုတအ​နေနဲ့ သိထားဖူးပါတယ်ရှင်

#knowledge

image