ပဲခြမ်းကြော်ထောင်း အချဥ်ပေါ့ ရှောက်သီးသုပ်
သူ့အရသာကလေ ပြောပြရရင်
စိမ့်စိမ့်လေးနဲ့ချဥ်ချဥ်လေးတွဲစားရတဲ့အရသာမျိုးလေးပါ
ရှောက်သီးကိုအခွံခွာ ရှောက်သီးအပေါ်ကအဖြူခွံလေးများ
မပါအောင် ရှောက်မွှာလေးတွေခြွေ
ကြက်သွန်နီ ငရုတ်သီးစိမ်း ပါးပါးလှီး
ပဲခြမ်းကြော်ကိုညက်နေအောင်ထောင်း
အပေါ်ကအစာပလာတွေ ငပိထောင်း ဆီချက်
ငရုတ်သီးမှုန့် ငံပြာရည် ကြက်သားမှုန့်/အချိုမှုန့်
ထည့်ပြီးသုပ်လိုက်ပါ အချဥ်စူးစူးမကြိုက်သူတွေအတွက်
အသင့်တော်ဆုံး ရှောက်သီးသုပ်နည်းပါရှင်