ဆိတ်ကီမား
-ပထမဆုံးဆိတ်သားကို ဂျင်းထောင်းထားတဲ့အရည်နဲ့နယ်ပြီးခဏနှပ်ထားပါတယ်
-နောက် ဆား၊ ဆနွင်း၊ ကြက်သားမှုန့်၊ မာဆလာ လဲတစ်ခါထဲထည့်နယ်ပြီး နာရီဝက်လောက်ကြာအောင်ထားလိုက်ပါတယ်။
-ပြီးရင် ဟင်းခတ်အမွှေးအကြိုင်တွေကို ဆီသတ်ပါ။ ကြက်သွန်ဖြူ နဲ့ ဂျင်းထောင်းထားတာကိုလည်းဆီသတ်ပေးပါ။
-ဆီသတ်ထားတာတွေ နဲနဲလေးကြွပ်စပြုရင် နယ်ထားတဲ့ဆိတ်သားထည့် ၊ပဲလုံးအစိမ်းလေးတွေပါထည့်ပြီးကြော်ပေးပါ။ ၁၀မိနစ်လောက်ကြော်ပေးရင်ရပါပြီ။