မျိုးဆက်သစ် F-15 ဂျက်တိုက်လေယာဉ် ၂၅ စင်း အစ္စရေးဝယ်ယူမည်

နိုဝင်ဘာ ၈၊ နိုင်ငံတကာ။

အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနဟာ အမေရိကန်စစ်ရေးအကူအညီအဖြစ်ပေးတဲ့ ထောက်ပံံ့ရေးဘတ်ဂျက်နဲ့ မျိုးဆက်သစ် F-15 ဂျက်တိုက်လေယာဉ် ၂၅ စင်း ဝယ်ယူဖို့အတွက် ဒေါ်လာ ၅.၂ ဘီလျံတန်ကြေးရှိ ကန်ထ ရိုက်စာချုပ်တစ်ရပ်ကို ဘိုးရင်းကုမ္ပဏီနဲ့ လက်မှတ်ရေးထိုးလိုက်ပါတယ်။

သဘောတူစာချုပ်အရ F-15 ဂျက်တိုက်လေယာဉ် ၂၅ စင်းကို တစ်နှစ်ကို ၄ စင်းကနေ ၆ စင်းအထိ ၂၀၃၁ ခု နှစ်ကနေ စတင်ပို့ဆောင်ပေးမှာဖြစ်ကြောင်း ဝန်ကြီးဌာနထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

F-15IA ဂျက်တိုက်လေယာဉ်တွေမှာ နောက်ဆုံးပေါ် အစ္စရေးနည်းပညာတွေအပါအဝင် နောက်ဆုံးပေါ် ခေတ်မီ လက်နက်စနစ်တွေ ထည့်သွင်းတပ်ဆင်ထားကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။

“မျိုးဆက်သစ် F-15 ဂျက်တိုက်လေယာဉ်တွေဟာ အကွာအဝေးပိုမိုပျံသန်းနိုင်သလို လက်နက်အလေးချိန်ပိုမို သယ်ဆောင်နိုင်ပြီး စစ်ဆင်ရေးအခြေအနေအမျိုးမျိုးမှာ ပိုမိုထိရောက်စွာ တိုက်ပွဲဝင်သွားနိုင်မှာဖြစ်ပါတယ်။” လို့ ဝန်ကြီးဌာနက ပြောပါတယ်။

ဟားမတ်စ်စစ်သွေးကြွအဖွဲ့နဲ့ စစ်ပွဲစတင်ဖြစ်ပွားစဉ်ကတည်းက အစ္စရေးနိုင်ငံဟာ ဒေါ်လာ ဘီလျံ ၄၀ နီးပါး တန် ကြေးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူခွင့်ရရှိခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ်အီယောင်ဇာမီယာက ပြောပါတယ်။

“မျှော်လင့်မထားတဲ့အဆင့်မှာ ခေတ်မီလက်နက်ခဲယမ်းတွေကို အရေးပေါ် ချက်ချင်းဝယ်ယူဖို့ အဓိကအာရုံစိုက် ဆောင်ရွက်နေသလိုပဲ တပြိုင်တည်းမှာပဲ ကာလရှည် မဟာဗျူဟာမြောက်လက်နက်တွေကိုလည်း ကျွန်တော် တို့ ရင်းနှီးမြှုပ်နှံနေပါတယ်။” လို့ ၎င်းက ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။

“အခုနှစ်အစောပိုင်းက ဝယ်ယူထားတဲ့ F-35 ဂျက်တိုက်လေယာဉ် တတိယအသုတ်နဲ့အတူ အခုဝယ်ယူမယ့် F-15 ဂျက်တိုက်လေယာဉ်တွေဟာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲမှာ အသက်တမျှ အရေးကြီးကြောင်း သက်သေပြခဲ့ တဲ့ ကျွန်တော်တို့လေတပ်စွမ်းရည်နဲ့ မဟာဗျူဟာမြောက် စွမ်းဆောင်ရည်တွေကို သမိုင်းဝင်မြှင့်တင်ပေးသွားဖို့ အတွက် ကိုယ်စားပြုတဲ့လေယာဉ်တွေဖြစ်ပါတယ်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဟားမတ်စ်စစ်သွေးကြွတွေက အစ္စရေးတောင်ပိုင်းကို အငိုက်ဖမ်းတိုက်ခိုက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ် အောက်တို ဘာလကတည်းက အစ္စရေးလေတပ်ဟာ ဂါဇာဒေသက ဟားမတ်စ်တွေနဲ့ လက်ဘနွန်နိုင်ငံထဲက ဟစ်ဘိုလာစစ် သွေးကြွတွေကို အကြိမ်ကြိမ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် အစ္စရေးက ဟားမတ်စ်နဲ့ ဟစ်ဘိုလာခေါင်းဆောင်တချို့အပြင် အီရန်ဗိုလ်ချုပ်တစ်ဦးကို လုပ်ကြံသတ် ဖြတ်ခဲ့ပြီးနောက် အီရန်နိုင်ငံက အစ္စရေးကို ဒုံးကျည်အစင်း ၂၀၀ ဝန်းကျင်နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် အစ္စရေးက အီရန်နိုင်ငံကို အောက်တိုဘာလ ၂၆ ရက်နေ့မှာ လေကြောင်းကနေ လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။

ဒေါ်လာ ၈.၇ ဘီလျံတန်ကြေးရှိတဲ့ စစ်ရေးအကူအညီတွေ အမေရိကန်ထံကရရှိခဲ့ကြောင်း အခု နှစ် စက်တင် ဘာလမှာ အစ္စရေးက ပြောကြားခဲ့ပါတယ်။

Ref: Israel Says to Buy 25 ‘Next Generation’ F-15 Fighter Jets

#centralnewsnaypyitaw

image