ကလောရောက်ရင်
ဝင်လည်ရမယ့် လိမ္မော်သီးခြံ🍊
ကလောမှာ ရှိတဲ့လိမ္မော်သီးခြံဝင်လည်လို့ရပြီနော်🍊
ကလောကို ဒီရာသီချိန်သွားတဲ့သူတွေ လိမ္မော်သီးသီးချိန်ဖြစ်လို့ လိမ္မော်ခြံကို ဝင်လည်ကြပါနော်
🍊နန်းအွန်တောင် (ဗျိုက်တောင်) မြင်းမထိဂူဖက်သွားတဲ့ ပင်လောင်းလမ်းမကြီးပေါ် ညာဖက်ခြမ်းမှာ လိမ္မော်ခြံလေးရှိပါတယ်ခြံရှေ့မှာ လိမ္မော်သီး အချိန်နဲ့ရောင်းနေတဲ့ဆိုင်လေးလဲ ရှိပါတယ်
🍊ဝင်ကြေး ၁၀၀၀ ကျပ်ပေးပြီး အမှတ်တရဝင်ရောက်ဓာတ်ပုံရို.က်ဖို့ ပလိုင်းလေးနဲ့ ခမောက်လေးတွေ ထားပေးထားပါတယ်
🍊လိမ္မော်သီးသီးချိန်ဆိုတော့ လိမ္မော်သီးတွေအများကြီးပြွတ်နေအောင်သီးတာ ဓာတ်ပုံရိုက်လို့ လှပါတယ်
ကဲ ....ကလောရောက်ရင်သွားလည်ကြနော်