ကမ္ဘောဒီးယားဆန်မွှေး ခြောက်ကြိမ်မြောက် “ကမ္ဘာ့အကောင်းဆုံးဆန်” ဆု ရရှိ
………………………………………

နိုင်ငံတကာ၊ နိုဝင်ဘာ ၈

ကမ္ဘောဒီးယား ဆန်မွှေးကို “ကမ္ဘာ့အကောင်းဆုံးဆန်” အဖြစ် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ နိုဝင်ဘာ ၇ ရက်နေ့ က ကျင်းပခဲ့တဲ့ ၂၀၂၄ နိုင်ငံတကာကမ္ဘာ့အစည်းအဝေးမှာ ထပ်မံရွေးချယ်လိုက်ပါတယ်။

ကမ္ဘောဒီးယားဆန်ဟာ အခုတစ်ကြိမ်နဲ့ဆို ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် ရွေးချယ်ခံရတာ ၆ ကြိမ်ရှိပြီဖြစ်ပါ တယ်။

ဒီအစည်းအဝေးကို အမေရိကန်နိုင်ငံက နိုင်ငံတကာထုတ်ကုန်အင်စတီကျု (ICI) နဲ့ ဆန်ကုန်သွယ်ရေးအဖွဲ့ (TRT) တို့က စီစဉ်ကျင်းပတာဖြစ်ပါတယ်။

အခုလို ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် ရွေးချယ်ခံရတာဟာ နိုင်ငံအတွက်ရော ကမ္ဘောဒီးယားဆန်လုပ်ငန်းအ တွက်ပါ ဂုဏ်ယူစရာဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ် (CRF) အထွေထွေအတွင်းရေးမှူး ချုပ် လန်းယောင်က Phnom Penh Post ကို ပြောပါတယ်။

ကမ္ဘောဒီးယားဆန်အရည်အသွေးနဲ့ ရနံ့ကို နိုင်ငံတကာအသိအမှတ်ပြုလာအောင် ထောက်ပံ့ကူညီခဲ့တဲ့ မျိုးစေ့ ရွေးချယ်ထိန်းသိမ်းရေးနဲ့ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းက ပါဝင်ပတ်သက်သူအားလုံးရဲ့ စုပေါင်းကြိုးပမ်းမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် အခုလို အောင်မြင်မှုမျိုးရရှိလာတာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

ဆန်စပါးအသင်းချုပ်အနေနဲ့ စိတ်ရောကိုယ်ပါ နှစ်မြှုပ်စိုက်ပျိုးခဲ့ဲ့ ကမ္ဘောဒီးယားလယ်သမားတွေအတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်းနဲ့ ဆန်စပါးကြိတ်ခွဲသန့်စင်ရေးလုပ်ငန်းကို ကြိုးပမ်းဆောင်ရွက်ပေးခဲ့တဲ့ ဆန်စက်ပိုင်ရှင်တွေ နဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးတင်ကြောင်း ၎င်းက ပြောပါတယ်။

“အခုလို ကမ္ဘာ့အကောင်းဆုံးဆန် အဖြစ် ဆုချီးမြှင့်ခံရတာဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဆန်စပါးကဏ္ဍအတွက် ထပ်မံဂုဏ်ယူစရာဖြစ်ပါတယ်။ ဒီဂုဏ်ပြုမှုဟာ ကျွန်တော်တို့ဆန် ဈေးကွက်ရှာဖွေရှာမှာ ပိုမိုအဆင်ပြေချောမွေ့ အောင်အထောက်အကူပြုမှာဖြစ်ပြီး စားသုံးသူတွေဆီကို အရည်အသွေးမြင့်တဲ့ ဆန်တွေ တင်ပို့ပေးနိုင်တော့ မှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

“Malis Angkor” အမှတ်တံဆိပ်ဟာ အဆင့်မြင့်ပြီး ယုံကြည်စိတ်ချရတဲ့ ကမ္ဘောဒီးယားအကောင်းဆုံးဆန်မွှေးကို ကိုယ်စားပြုကြောင်း ဆန်စပါးအသင်းချုပ် (CRF) က ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ ၂၀၁၂၊ ၂၀၁၃ ၊ ၂၀၁၄ ၊ ၂၀၁၈ နဲ့ ၂၀၂၂ ခုနှစ်တို့မှာလည်း ကမ္ဘာ့အကောင်းဆုံးဆန် ဆုတံဆိပ်ရရှိခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း လယ်ယာစိုက်ပျိုးရေး၊ သစ်တောနဲ့ ငါးလုပ်ငန်းဝန်ကြီးဌာ န ပြောခွင့်ရပုဂ္ဂိုလ် အမ်ရာချာနာက ၎င်းရဲ့ လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

ဒေသတွင်းမှာရော ကမ္ဘာတစ်ဝန်းမှာပါ အကောင်းဆုံးဂုဏ်သတင်းရရှိ ထားပြီး အရသာကောင်းမွန်ကျော်ကြား ပြီး ဈေးကွက်ဝယ်လိုအားကောင်းတဲ့ “Phka Rumduol” နဲ့ “Sen Kra’op” ဆန်စပါးမျိုးတွေကို စိုက်ပျိုးကြဖို့ ရာ ချာနာက ကမ္ဘောဒီးယားလယ်သမားတွေကို တိုက်တွန်းအားပေးပါတယ်။

ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ ၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်း နိုင်ငံပေါင်း ၆၆ နိုင်ငံကို ပြည်ပပို့ကုန် ကုမ္ပဏီ ၅၅ ခုကတစ်ဆင့် ဆန်တန်ချိန် ၅၀၇၀၂၉ တန် တင်ပို့ခဲ့ပြီး ဒေါ်လာ ၃၇၆.၆ သန်း ရရှိခဲ့ကြောင်း ဆန်စပါးအသင်းချုပ် (CRF) က ပြောပါတယ်။

ဒါ့အပြင် ကမ္ဘောဒီးယားဟာ စပါးတန်ချိန် ၄.၀၃၆ ကိုလည်း အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့ခဲ့ရာ ဒေါ်လာ ၁.၁၈၅ ဘီလျံ ရရှိခဲ့ပါတယ်။

Ref: Cambodian fragrant rice wins "World’s Best Rice" award for sixth time: The Phnom Penh Post

#သတင်းဟင်းလေးအိုးကြီး

image
image
image