ထရန့်အပေါ် ပူတင်၏ ဂုဏ်ပြုစကားအား တရားဝင်ပြောကြားခြင်းအဖြစ် မှတ်ယူနိုင်ဟုဆို
ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒေါ်နယ်ထရမ့်အား အမေရိကန်ပြည်ထောင်စု ယခုနှစ် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့်အတွက် ဂုဏ်ပြုစကား ပြောကြားချက်ကို တရားဝင်အဖြစ် မှတ်ယူနိုင်သည်ဟု သမ္မတသတင်းစာရှင်းလင်းပွဲ ပြောခွင့်ရပုဂ္ဂိုလ် ဒမီထရီပက်စကော့က ဆိုသည်။
“သမ္မတပြောသမျှဟာ တရားဝင်တွေချည်းပါပဲ” ဟု သူက ပြောသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် နိုဝင်ဘာ ၇ ရက်က ပြုလုပ်သော Valdai International Discussion Club ၏ မျက်နှာစုံညီအစည်းအဝေးတွင် အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံရသည့် ဒေါ်နယ်ထရန့်အား ချီးကျူးဂုဏ်ပြုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ "အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သူ့ရဲ့အောင်ပွဲအတွက် ထရမ့်ကို ဂုဏ်ပြုပါတယ်။ အမေရိကန်ပြည်သူတွေ ယုံကြည်စိတ်ချကြတဲ့ သူတို့နိုင်ငံ့ခေါင်းဆောင် ဘယ်သူနဲ့မဆို လက်တွဲဆောင်ရွက်မယ်လို့ ကျွန်တော် ပြောထားပြီးသားပါ” ဟု သမ္မတပူတင်က ပြောကြားခဲ့သည်။
သို့ရာတွင် ယခုအချိန်အထိ ဗလာဒီမာပူတင်သည် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ မပေးပို့ရသေးပေ။