ကျိုင်းတုံနှင့် ရေတာရှည်တို့တွင် အင်အားအနည်းငယ်ရှိ မြေငလျင်များလှုပ်ခတ်
နေပြည်တော်၊ နိုဝင်ဘာ ၈
ကျိုင်းတုံမြို့နှင့် ရေတာရှည်မြို့တို့တွင် အင်အားအနည်းငယ်ရှိ မြေငလျင်များ လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
နိုဝင်ဘာလ ၇ ရက်နေ့၊ ည ၁၁နာရီ အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၁၆)မိုင်ခန့် ကွာဝေး သော မြန်မာနိုင်ငံ ပြည်တွင်း (ကျိုင်းတုံမြို့၏ အရှေ့တောင်ဘက် (၁၅) မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၁၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၇၉)ဒီဂရီ၊ အနက် (၂၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွား ကြောင်း သိရသည်။
နိုဝင်ဘာလ ၈ ရက်နေ့၊ နံနက် (၀၀)နာရီ၊ (၃၃)မိနစ်၊ (၁၂) စက္ကန့် အချိန်တွင် တောင်ငူမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၀)မိုင်ခန့် ကွာဝေးသော မြန်မာ နိုင်ငံ ပြည်တွင်း (ရေတာရှည်မြို့၏ တောင်ဘက် (၈) မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၀၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၄)ဒီဂရီ၊ အနက် (၃၃) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၃.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ခတ်သွားကြောင်း သိရသည်။
Credit - News Vision Media
#သတင်းဟင်းလေးအိုးကြီး