2 w - Translate

ဆိုက်ခေါင်-မိုင်းဆတ်ကြား နမ့်ခုတ်ချောင်းရေ မြင့်တက်လာသဖြင့် ဦးပိန်ယာယီတံတား ဖြတ်သန်းမှု သတိထားသွားလာနေရဟု ဆို

ရှမ်း/အရှေ့ဆိုက်ခေါင်-မိုင်းဆတ်သွားလမ်းပိုင်းရှိ နမ့်ခုတ်ချောင်းရေ ထပ်မံမြင့်တက်လာခြင်းကြောင့် ဦးပိန်ယာယီတံတားငယ် (ဆိုက်ခေါင်တံတား အစားထိုး)ဖြတ်သန်းမှု သတိ ထားသွားလာနေကြရကြောင်း ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

နိုဝင်ဘာ (၆) ရက် ညနေပိုင်းမှစတင်၍ ယနေ့ နံနက်ပိုင်းအချိန်အထိ မိုးသည်းထန်စွာရွာသွန်းသဖြင့် နမ့်ခုတ်ချောင်းရေ မြင့်တက်လာပြီးနောက် ယာဉ်ဖြတ်သန်းမှုများကို တံတားတာဝန်ရှိသူများက ကြပ်မတ်ပေးနေရကြောင်း ဆိုသည်။

" ချောင်းရေက တက်တော့တက်လာတယ်။ တံတားကိုလည်း မြှင်ထားတော့ စိုးရိမ်စရာတော့မရှိပါဘူး။ တံတားတာဝန်ကျသူတွေက အန္တရာယ်မဖြစ်အောင် သတိထား ဖြတ်သန်းဖို့ ကြီးကြပ်ပေးနေတယ်"ဟု ဆိုသည်။

အဆိုပါ ဆိုက်ခေါင်တံတားအစားထိုး ဉီးပိန်ယာယီ တံတားငယ်ဖြတ်သန်းမှုအတွက် ယာဉ်ငယ်နှင့် ဆိုင်ကယ်များကိုသာဖြတ်သန်းခွင့်ပြုထားကြောင်းသိရပြီး၊ ကုန်ပစ္စည်းတင်ဆောင်သည့် ယာဉ်ငယ်များကို တံတားကြေးအဖြစ် ကျပ်ငါးထောင်သတ်မှတ်ကောက်ခံသည်ဟု ၎င်းက ဆိုသည်။

" စီးပွားဖြစ်ကုန်တင်တဲ့ ကားတွေကို‌တော့ တံတားဖြတ်သန်းကြေးကောက်ပါတယ်။ တာချီလိတ်ဘက်က ပြန်လာတဲ့ကားကိုနှစ်သောင်းကောက်တယ်။ အသွားကို ငါးထောင် ကောက်ပါတယ်။ အိမ်စီးကားနဲ့ဆိုင်ကယ်တွေကိုတော့ မကောက်ပါဘူး"ဟု ၎င်းက ဖြည့်စွက်ရှင်းပြသည်။

အဆိုပါ ဆိုက်ခေါင်-မိုင်းဆတ်တံတားသည် ပြီးခဲ့သည့် စက် တင်ဘာလ ရေကြီးရေလျှံဖြစ်စဉ်အတွင်း ရေတိုက်စားသဖြ င့် ရေလည်တိုင်မှပြိုကျပျက်စီးခဲ့သဖြင် ယခု ဦးပိန်တံတားငယ်ကို ယာယီအစားထိုးကာ ဖြတ်သန်းခွင့်ပြုနေခြင်းလည်းဖြစ်သည်။

ဆိုက်ခေါင်-မိုင်းဆတ်တံတားသည် ဒေသတွင်း ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာမှုအတွက် အရေးပါသည့် တံတားတစ်စင်းဖြစ်ပြီး၊ ဆိုက်ခေါင်-မိုင်းဆတ်-တာချီလိတ်နှင့် တာချီလိတ်-မိုင်းဆတ်-တောင်ကြီးသို့ သွားလာနိုင်ကြောင်း သိရသည်။

image