24 ပတ် - ဘာသာပြန်ပါ။

တောင်သူများ အဓိကသုံးစွဲနေသည့် မြေသြဇာ (၄)မျိုးအတွက် ရန်ကုန်အထိုင်ဈေးများ သတ်မှတ်ထုတ်ပြန်

တောင်သူများ အဓိကသုံးစွဲနေသည့် မြေသြဇာ (၄) မျိုးအတွက် နိုဝင်ဘာ (၁) ရက်မှ ဒီဇင်ဘာ (၃၁) ရက်အထိ ရန်ကုန်အထိုင်ဈေးများ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ သိရသည်။

အဆိုပါ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများမှာ ယူရီးယားမြေသြဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ် (၉၇,၀၀၀)ကျပ်၊ Rock Phosphate အခြေခံ ၁၅ ပတ်လည် ကီလိုတစ်အိတ် (၁၂၄,၀၀၀) ကျပ်၊ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ကီလိုတစ်အိတ် (၁၃၇,၀၀၀) ကျပ်ဖြစ်ကြောင်း သိရသည်။

ဖော်ပြပါ ဈေးနှုန်းများသည် ရန်ကုန်အထိုင်လက်ကားဈေးများဖြစ်သဖြင့် ဒေသအလိုက် သယ်ယူစရိတ်အပေါ်မူတည်ပြီး ဈေးနှုန်းအနည်းငယ် ပြောင်းလဲနိုင်ပြီး ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ရောင်းချခြင်းမရှိပါက တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

image