9 w - Translate

■ အာဆင်နယ်နဲ့ မန်ယူနိုက်တက်အသင်းတို့ဟာ ဘိုင်ယန်မြူးနစ်အသင်းတောင်ပံကစားသမား ဆာနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဆာနေးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပြီး စာချုပ်သစ်အတွက် သဘောတူညီမှုမရရှိသေးတာကြောင့် ထွက်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။

■ စပို့တင်းလစ္စဘွန်းအသင်းတိုက်စစ်မှူး ယောကရက်စ်ကို ခေါ်ယူချင်တဲ့ အသင်းတွေအနေနဲ့ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ပေါင်(၆၃)သန်းနဲ့ ခေါ်ယူနိုင်မယ်လို့ သိရပါတယ်။ ယောကရက်စ်ကို ခေါ်ယူဖို့ မန်ယူနိုက်တက်၊ချယ်လ်ဆီးအသင်းအပါအဝင် ဥရောပထိပ်သီးအချို့က ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

>>>>>>>>

■ လီဗာပူးလ်အသင်းဟာ ဘယ်နောက်ခံလူ ရောဘတ်ဆန်ရဲ့နေရာမှာ ရေရှည်အစားထိုးဖို့အတွက် ကစားသမားအချို့ကို ပစ်မှတ်ထားနေပါတယ်။ လီဗာပူးလ်အသင်းရဲ့ပစ်မှတ်ထဲမှာ ဘုန်းမောက်အသင်းက ကာကက်ဇ်၊ဖူလ်ဟမ်အသင်းက ရော်ဘင်ဆန်၊အစ်ဝှစ်ချ်အသင်းက ဒေးဗစ်နဲ့ လိုက်ပ်ဇစ်အသင်းက ရမ်တို့ပါဝင်နေတာဖြစ်ပါတယ်။

■ စပိန်လူမျိုးနည်းပြ လိုပက်တယ်ဂီဟာ လာမယ့် အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းအရေးနိမ့်ခဲ့ရင် နည်းပြရာထူးကနေ ထုတ်ပယ်ခံရမယ်လို့ သိရပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်(၁၀)ပွဲကစားအပြီးမှာ ရမှတ်(၁၁)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၁၄)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

■ ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီအသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြဖြစ်သူ မာခ့်ရိုဘင်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ကိုဗင်ထရီအသင်းဟာ ဒီရာသီ ချန်ပီယံရှစ်ပွဲစဉ်(၁၄)ပွဲကစားအပြီးမှာ ရမှတ်(၁၅)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၁၇)နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်အဆင့်(၂၂)နေရာက ပလိုင်းမောက်အသင်းနဲ့ ရမှတ်တူနေတာဖြစ်ပါတယ်။

■ အဲဗာတန်အသင်းဟာ ရာသီအကုန်မှာ ဘရိုက်တန်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ညာနောက်ခံလူ လမ်တေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ လမ်တေးဟာ ဒီရာသီမှာ ဘရိုက်တန်အသင်းအတွက် (၄)ပွဲပါဝင်ကစားထားပြီး (၁)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

image