စက်သုံးဆီဆိုင်တွင် ဆီဘောက်ဆာကားမီးလောက်မှုဖြစ်ပွား လူနှစ်ဆယ်ကျော် ထိခိုက်ဒဏ်ရာရရှိ

နိုဝင်ဘာ ၈

မွန်ပြည်နယ်၊ မော်လမြိုင်မြိုနယ်၊ ရိုးဂိုးကျေးရွာလမ်း၀နားမှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်မှာ နိုဝင်ဘာ ၇ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က စက်သုံးဆီတင်ယာဉ် ဆီဘောက်ဆာကားမီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မီးသတ် ဦးစီးဌာနကနေ သိရပါတယ်။

မီးလောင်မှုဟာ "မင်းသန့်"စက်သုံးဆီအရောင်းဆိုင်အတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မွန်ပြည်နယ်အတွင်းမှာရှိတဲ့ မီးသတ်စခန်းတွေက မီးသတ်တပ်ဖွဲဝင်တွေနဲ့ ဒေသခံလူမှုကူညီရေးအသင်းဝင်တွေက မီးလောင်မှုကို ငြိမ်းသတ် ကူညီပေးခဲ့ကြတယ်လို့ သိရပါတယ်။

မီးငြိမ်းသတ်နေစဉ် ပေါက်ကွဲမှုများလည်းဖြစ်ပေါ်ခဲ့မှု မီးသတ်ထပ်ဖွဲ့ဝင်တွေ၊ လူမှုကူညီရေးအသင်းဝင်တွေနဲ့ ကူညီ ဝိုင်းဝန်း ငြိမ်းသတ်ပေးကြတဲ့သူတွေ စုစုပေါင်း ၂၀ ဦးကျော်လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုရေး အသင်းတွေဆီကနေ သိရပါတယ်။

မီးလောင်မှုဟာ ၂ နာရီဝန်းကျင်လောက်ကြာမြင့်ခဲ့ပြီး ည ၇ နာရီ ခွဲ လောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေဟာ မော်လမြိုင်ပြည်သူ့‌ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေရတယ်လို့လဲ သိရပါတယ်။

#centralnewsnaypyitaw

imageimage