တရုတ်မှာလုပ်တဲ့ အက်မက်စ်အစည်းအဝေးမှာ နစကဥက္ကဋ္ဌထံ အလှည့်ကျဥက္ကဋ္ဌ အဖြစ်တာဝန်လွှဲ

နိုဝင်ဘာ ၈၊ နေပြည်တော်။

ကူမင်းမြို့ ကိုရောက်နေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က (၁၀) ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ(အက်မက်စ်) ထိပ်သီးအစည်းအဝေး ကို မဲခေါင် ၅ နိုင်ငံက ဝန်ကြီးချုပ်တွေနဲ့အတူ ဒီကနေ့ တက်ရောက်တာတွေ့ရပါတယ်။

ကမ္ဘောဒီယား၊ ထိုင်း၊ ဗီယက်နမ်နဲ့ လာအိုနိုင်ငံဝန်ကြီးချုပ်တို့တက်တဲ့အဲဒီအစည်းအဝေးမှာ မဲခေါင်နိုင်ငံ ၅ နိုင်ငံ ကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုတွေကိုပိုတိုးဆောင်ရွက်ဖို့ ဆွေးနွေးတယ်လို့ နစက က သတင်းထုတ်ပါတယ်။

ဒီကနေ့ အစည်းအ‌ဝေးမှာ လာအိုဝန်ကြီးချုပ်က နစကဥက္ကဋ္ဌကို အက်မက်စ် အလှည့်ကျဥက္ကဋ္ဌတာ၀န် လွှဲပြောင်းပေးအပ်တာကြောင့် လာမယ့်နှစ် အက်မက်စ် အစည်းအဝေးကို မြန်မာနိုင်ငံမှာ အိမ်ရှင်အနေနဲ့ ကျင်းပမှာဖြစ်ပါတယ်။

အက်မက်စ် ဟာ တရုတ်ဦးဆောင်ကျင်းပတဲ့ မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးဖြစ်ပြီး မဲခေါင် ၅ နိုင်ငံ ပါဝင်ပါတယ်။

တရုတ်နိုင်ငံခရီးစဥ်မှာ နစကဥက္ကဋ္ဌဟာ တရုတ်နိုင်ငံဝန်ကြီးချုပ်နဲ့လည်း သီးသန့်တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သေးပါတယ်။

ဓာတ်ပုံ - CINCDS

ပုံစာ - ထိုင်းဝန်ကြီးချုပ်ပေထုန်တန်ရှင်နာဝပ်နဲ့တွေ့ရတဲ့ စစ်ခေါင်းဆောင်

#centralnewsnaypyitaw

image