2 w - Translate

ကိုယ့်ဘက်က နှစ်နှစ်ကာကာ ချစ်မိတဲ့
အချစ်မျိုးတွေကျ ကိုယ်ကကျန်နေခဲ့ရပြီး

တစ်ခြားလူတစ်ယောက်က ကိုယ့်ကို
နှစ်နှစ်ကာကာ ချစ်တဲ့အခါတွေကျတော့
သူတို့ချစ်သလောက် ပြန်မချစ်ပြနိုင်ခဲ့ဘူး

ကိုယ်ကကျန်ရစ်ခဲ့ရတဲ့ အခါမျိုးတွေကျ
နင့်နေအောင် ခံစားရပြီး
ကိုယ်က ချန်ထားခဲ့တဲ့ ချစ်ခြင်းမေတ္တာမျိုးကျတော့လည်း
အားနာရပြန်တယ်

အပျော်သဘောနဲ့တော့
ကိုယ့်လည်း အလိမ် မခံချင်သလို
တစ်ခြားတယောက်ကိုလဲ လိမ်တဲ့သဘောမျိုး မဖြစ်ချင်တော့ဘူး

ဒါကြောင့်
နှစ်ဦးနှစ်ဖက် သဘောကျနေတဲ့ သူမျိုးနဲ့မတွေ့ခင်ထိတော့
ကျနော် တယောက်ထဲ နေကြည့်အုန်းမယ်... ။

-ccto

image