အမြဲလိုလိုပါပဲ...အာဆင်နယ်အသင်းက အစဘယ်လောက်ပဲကောင်းကောင်း အနှောင်းမသေချာတဲ့အသင်းပါ။ ဘယ်တော့မဆို ဆောင်းမရောက်မချင်း အာဆင်နယ်ကောင်းတယ်လို့ ပြောလို့မရပါဘူး။ အာကြီးတို့က ၄ ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပါပြီ။
အရှုံးကနေပြီး ရုန်းထဖို့အတွက် ပြင်ဆင်လာတဲ့ အာဆင်နယ်က အင်တာမီလန်ကွင်းမှာ တကယ်ကြီး ခြေစွမ်းက အစစအရာရာ သာလွန်ကောင်းမွန်ခဲ့ပါတယ်။ အခွင့်အရေးတွေလည်း အများကြီးကိုမှ ရခဲ့ပါတယ်။ ပြဿနာက ဂိုးမသွင်းနိုင်တဲ့ ပြဿနာကို အာတေတာ အဖြေမထုတ်နိုင်ခဲ့ပါဘူး။
ဒီလိုနဲ့ပဲ အင်တာမီလန်က ပထမပိုင်းအချိန်ပိုမှာရတဲ့ ချာလန်နိုလူးရဲ့ပင်နယ်တီနဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ အာဆင်နယ်တို့အတွက်တော့ ဆောင်းအငွေးအသက်နဲ့အတူ တိုက်စစ်မှူးမရှိတဲ့ ပြဿနာကအနာထလာပြန်ပါပြီ။ ဆင်ပျံကြီး ဘာလို့ဖြစ်ခဲ့လဲဆို ဆောင်းအဝင်မှာ တိုက်စစ်ဖျားခဲ့လို့ပါ။