အမျိုးသမီးများကို တရုတ်ယောက်ျားယူရန် စည်းရုံးပြီး ရောင်းစားရန် စီစဉ်ခဲ့သူအား အလုပ်နှင့် ထောင်ဒဏ်နှစ် ၃၀ ချမှတ်
နိုဝင်ဘာ ၇၊ နေပြည်တော်။
အမျိုးသမီးများကို တရုတ်ယောက်ျားယူပါက ငွေကျပ် သိန်း ၁၀၀ ရရှိမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်နေ ဒေါ်ချိုချိုစန်းက ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နေ မ—၊ ၃၀/၂၀၂၄ နှစ်၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နေ မ—၊ ၁၅/၂၀၂၄ နှစ်နှင့် နေပြည်တော်ကောင်စီ နယ်မြေ၊ တပ်ကုန်းမြို့နေ မ—၊ ၂၃/၂၀၂၄ နှစ်တို့ သုံးဦးကို တရုတ်ယောက်ျားယူပါက ငွေကျပ် သိန်း ၁၀၀ ရရှိမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ ရောက်ရှိမှသာ မိဘများထံသို့ ငွေများလွှဲပေးမည်ဖြစ်ကြောင်း ပြောဆို စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သဖြင့် ပုသိမ်ကြီးမြို့နယ် အုန်းချောနယ်မြေ ရဲစခန်း(ပ)၇၀/၂၀၂၄၊ (ပ) ၇၁/၂၀၂၄၊ (ပ)၇၂/၂၀၂၄ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ တို့ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ကြောင်း သိရသည်။
အောင်မြေသာစံခရိုင်တရားရုံးမှ နိုဝင်ဘာ ၅ ရက်တွင် တရားခံ ဒေါ်ချိုချိုစန်းအား လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးဥပဒေပုဒ်မ ၃၅ အရ တစ်မှုလျှင် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီဖြင့် စုစုပေါင်းနှစ် ၃၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
#centralnewsnaypyitaw