AFC Challenge Leagu ကွာတားဖိုင်နယ်အဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သည့် အုပ်စုဗိုလ် ရှမ်းယူနိုက်တက်အသင်း
AFC Challenge Leagu ပြိုင်ပွဲတွင် တစ်ပွဲနိုင် တစ်ပွဲသရေဖြင့် ရလဒ်ထွက်ပေါ်ထားသည့် ရှမ်းယူနိုက်တက်အသင်းသည် ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ပြီဖြစ်သည်။
ကွာတားဖိုင်နယ် ပွဲစဥ်ကို လာမည့် ၂၀၂၅ ခုနှစ် မတ်လအတွင်း၌ အုပ်စု(E)၏ ဒုတိယနေရာမှ တက်ရောက်လာသည့် ကမ္ဘောဒီးယားပရီးမီးယားလိဂ် ထိပ်တန်းအသင်းဖြစ်သည့် PKR Svay Rieng အသင်းဖြင့် ထိပ်တိုက်တွေ့ဆုံကြမည်ဖြစ်သည်။
အဆိုပါ ပွဲစဉ်ကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ယှဥ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် အုပ်စုအဆင့်၌ မြန်မာ၊ လာအို၊ တိုင်ပေ သုံးသင်းအုပ်စု ပတ်လည် ယှဉ်ပြိုင်ကစားခဲ့ကြရာ၊ ရှမ်းယူနိုက်တက်အသင်းသည် လာအိုကလပ် Young Elephants အသင်းကို (၂)ဂိုးပြတ်နှင့်လည်းကောင်း ၊ တရုတ်တိုင်ပေကလပ် Tainan City အသင်းကို (၂) ဂိုးစီဖြင့် လည်းကောင်း သရေရလဒ်ထွက်ပေါ်ခဲ့ကာ အုပ်စုဗိုလ်အဖြစ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။