3 w - Translate

ရေခဲတောင်ခရီးစဉ်များ ပြန်လည်ဖွင့်လှစ်ပြီဖြစ်၍ ဝန်ဆော င်မှုကောင်းများ ပေးနိုင်ရန် ခရီးသွားအေဂျင်စီများ အသင့်ပြင်ဆင်ထား

ယခုနှစ် ပွင့်လင်းရာသီ၌ ရေခဲတောင်ခရီးစဉ်များ ဖွင့်လှစ်ပြီဖြစ်၍ ဝန်ဆောင်မှုကောင်းများပေးနိုင်ရန် ခရီးသွားအေဂျင် စီများ အသင့်ပြင်ဆင်ထားကြောင်း ပူတာအို ခရီးသွားအေ ဂျင်စီထံမှ သိရသည်။

ရေခဲတောင်တန်းများတည်ရှိရာ မြန်မာနိုင်ငံတွင် နှစ်စဉ် က ချင်ပြည်နယ်၊ ပူတာအိုမှတဆင့် ရေခဲတောင်များသို့ တောင်တက်ခရီးသွားများ ဝင်ရောက်လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာပြည်မြောက်ဘက်စွန်း ပူတာအိုမြို့သို့ ရန်ကုန်မြို့မှ (၃)နာရီကျော်ကြာ လေကြောင်းခရီးစဉ်ဖြင့် သွားလာနိုင်ပြီး ကောင်းမူလုံစေတီတော်မြတ်၊ မလိခမြစ်အတွင်းမှ ရေလယ်နတ်ကျွန်းစေတီနှင့် ကျောက်ဖြာများ၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ဒေသအစားအစာများ၊ မြို့မနံနက်ခင်းဈေးနှင့် ဂါးထုဈေးတို့ကို လေ့လာကြည့်ရှုနိုင်သော ဝန်ဆောင်မှုကို မြစ်ကြီးနားနှင့် ပူတာအိုမြို့ရှိ ခရီးသွား အေဂျင်စီများက ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ပူတာအိုတွင် ခရီးသွားအေဂျင်စီ (၄)ခုရှိပြီး ၎င်းတို့မှ ဝန် ဆောင်မှုပေးနေခြင်းဖြစ်ကာ ပွင့်လင်းရာသီရောက်ရှိချိန်၌ ပူတာအိုမြို့တွင် လေ့လာလည်ပတ်သည့် ခရီးသွားများနှင့် ရေ ခဲတောင် တက်ခရီးသွားများဖြင့် စည်ကားလေ့ရှိပြီး ယခုရာ သီ၌ ကုန်ပစ္စည်းဈေးနှုန်းတိုးမြင့်လာမှုနှင့် သွားလာရေး အ ခက်အခဲအချို့ကြောင့် ယခင်ကထက် ခရီးသွားနည်းသော် လည်း ခရီးသွားအချို့ဝင်ရောက်မှုဖြင့် ဒေသခံလမ်းပြများနှင့် အထမ်းသမားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနေကြောင်း သိရသည်။

image