10 w - Translate

သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၏ သင်တန်းများအားလုံးကို နိုဝင်ဘာလ (၂၁) ရက်တွင် စတင်ဖွင့်လှစ်မည်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်းရှိ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများအားလုံးကို နိုဝင်ဘာလ (၂၁)ရက် ကြာသပတေးနေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေးထားသည်။

နိုဝင်ဘာလ (၁၁) ရက်မှစတင်ပြီး ကျောင်းအပ်လက်ခံခြင်း၊ သတင်းပို့မှုများကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် (ရေဆင်း)ကို တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးသူများ သက်မှတ်အရည်အချင်းများနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ပြီး လေးနှစ်တက်ရောက်အောင်မြင်သူများကိုသိပ္ပံဘွဲ့ (သစ်တောပညာ) B.Sc Forestry ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျောင်းအပ်နှံခြင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါကဖုန်း (၀၆၇၃ ၄၁၆ ၆၈၁)၊(၀၆၇၃ ၄၁၆ ၅၁၉) ကိုဆက်သွယ်နိုင်ကြောင်း သိရသည်။

image