အိန္ဒိယနိုင်ငံတွင်ကျင်းပသည့် ပထမအကြိမ် Asia Buddhist Summit 2024 အစည်းအဝေးကို သီတဂူဆရာတော်ကြီးတက်ရောက်
အဘိဓဇမဟာရဋ္ဌဂုရုသောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ကြီးသည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ အသောကဟိုတယ်တွင် နိုဝင်ဘာ ၅ ရက်နံနက် ၈ နာရီကကျင်းပသည့် ပထမအကြိမ် Asia Buddhist Summit 2024 ကိုတက်ရောက်တော်မူခဲ့ကြောင်း သိရသည်။
သီတဂူဆရာတော်ကြီးသည် ယင်း အစည်းအ ဝေးအား Internatiional Buddhist Confederation ၏ဖိတ်ကြားချက်အရတက်ရောက်တော်မူခဲ့ခြင်းဖြစ်ကာ အခမ်းအနားအား ဘုရားပန်းကပ်ခြင်း၊ ဆီးမီးထွန်းခြင်းများ ပြုလုပ်၍ ဖွင့်လှစ်ပေးတော်မူခဲ့ကြောင်း သိရသည်။
ထို့ပြင် အစည်းအဝေး၌ သီတဂူဆရာတော်ကြီးသည် “Recognition of Pali as a Classical Indian Language”အကြောင်းအား မိန့်ခွန်းအ ဖြစ်မိန့်ကြားတော်မူခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ အိန္ဒိယနိုင်ငံသမ္မတနှင့် နိုင်ငံပေါင်း(၃၀)မှ ဖိတ်ကြားထားသောဘာသာရေးခေါင်းဆောင်များ၊ ပါမောက္ခများ၊ ပညာရှင်များအပါအဝင် လူပေါင်း(၁၀၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။